စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ – PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရွှေဘိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် လက်ပါးစေ ပျူစောထီးတွေ အားကောင်းတဲ့ ဇီးဖြူကုန်းကျေးရွာကို ရောက်ရှိလာတဲ့ ပြည်သူ့စစ်တစ်ယောက်က တောင်သူဦးကြီးများအဖွဲ့ – PDF ကို ချိတ်ဆက်ပြီး ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဆက်သွယ်ဝင်ရောက်တဲ့‌အပေါ် တောင်သူကြီးများအဖွဲ့ – PDF က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လူ့အခွင့်အရေးနဲ့အညီ ကောင်းမွန်စွာ နေထိုင်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

တောင်သူဦးကြီးများအဖွဲ့ – PDF အဖွဲ့ဟာ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာရဲ့ ရပ်ကျေး ပကဖ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အရာတော်တွင် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ဖမ်းဆီးထားသည့် ဓားစားခံ ၄ ဦးနှင့် ဘုန်းကြီးတစ်ပါးအား ကယ်ထုတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

KNDF ၁၀၂ တပ်ရင်းမှ ရဲဘော်တစ်ဦး ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့…

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ၊ ဗျူဟာအမှတ် ( ၉ ) ၊ ၁၀၂ တပ်ရင်းက ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-ကျောက္ကာလမ်းပိုင်း ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ အယောက် ၄၀ နီးပါးသေဆုံး၊ သေဆုံးသူများအနက် စစ်မှုထမ်းများ အများဆုံးပါဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ - ကျောက္ကာလမ်းပိုင်းက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်သား အယောက် ၄၀ နီးပါး သေဆုံးပြီး အများစုဟာ စစ်မှုထမ်း(ပစ) တွေဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မိုင်းယု (၁၀၅)မိုင်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သက်တမ်းကုန်နေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးမှု ပြုလုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းခရိုင်၊ မိုင်းယု(၁၀၅) မိုင်မှာ တအာင်းတပ်မတော်(TNLA) ၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က သက်တမ်းကုန်နေတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးပစ္စည်းတွေကို စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၄ ရက် မနေ့ကညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရပါတယ်။
Read More

ယောချောင်းရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဗုံးကြဲလို့ ယောချောင်းတံတားနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံး

ရခိုင်ပြည်နယ် စစ်တွေ-ရန်ကုန် ကားလမ်းဘေးက ယောချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ယောချောင်းတံတားအပါအဝင် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။