အညာဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ Anyar Federal Task Force (AFTF)၊ Freedom Fighter Guerrilla Force (FFGF) နဲ့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထနောင်းမြေစစ်ကြောင်း (Acacla Column) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

မတ်လ ၂၇ ရက် ဒီနေ့မှာ Anyar Federal Task Force (AFTF) နဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ Freedom Fighter Guerrilla Force(FFGF) ၊ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့ တို့ဟာ ထနောင်းမြေစစ်ကြောင်း နာမည်နဲ့ စစ်ကြောင်းဖွဲ့စည်းလိုက်ကြောင်း AFTF က ထုတ်ပြန်လိုက်တာပါ။

ထနောင်းမြေစစ်ကြောင်းဟာ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ လက်အောက်မှာ မရှိပေမယ့် ကာကွယ်ရေးဝန်ကြီးဌာန (MOD) လမ်းညွှန်ချပြထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စစ်ရေးအရှိန် မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

စစ်ကြောင်းတစ်ရပ် ဖွဲ့စည်းလိုက်ချိန်ကစလို့ တော်လှန်ရေးပြီးဆုံးတဲ့အထိ မဟာမိတ်တပ်တွေနဲ့ စည်းလုံးစွာ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ တော်လှန်ပြည်သူတို့အပေါ် ကတိသစ္စာပြုကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ပ.က.ဖ တိုက်နယ် (၁) အပတ်စဥ် ၂ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ က တိုက်နယ် ၁ ရဲ့ အခြေခံ စစ်ပညာ သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

CDF – KKG တပ်ရင်း (၄) ၏ အပတ်စဥ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ

Chinland Defense Force, Kalay – Kabaw – Gangaw (CDF – KKG) တပ်ရင်း (၄) ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

မင်းပြားမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ဦးကို AA ပြန်လွှတ်ပေး…

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက လွှတ်ပေးလို့ရတဲ့ ၂၂၅ ယောက်ကို ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်ပေးလိုက်တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲကနေ ဗိုလ်ကြီးအဆင့်အပါ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း ၁၀၀ ကျော် ရရှိ

ကချင်ပြည်နယ် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း ၁၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း KIA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

အရပ်သားတွေကို ဗုံးမကြဲဖို့ သတိပေးတဲ့အနေနဲ့ လေတပ်ဗိုလ်မှူးရဲ့ ဂတ်စ်မီးဖိုဆိုင်ကို ဖောက်ခွဲရာ ဆယ်အိမ်မှူး သေပြီး ၂ ယောက် ထိိခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က လေတပ်​ ဗိုလ်မှူး မျိုးလွင် မိသားစုပိုင်တဲ့ ကံ့ကော်မြိုင် ဂတ်(စ်) မီးဖိုဆိုင်ကို ဗုံးခွဲတိုက်ခိုက်မှုမှာ ဆယ်အိမ်မှူး ၁ ယောက်သေပြီး ၂ ယောက်ထိခိုက်ကြောင်း မြို့ပြကြွက်အဖွဲ့ထံက သိရပါတယ်။
Read More

ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးဆောင်ပြီး Hydrocephalus ရောဂါရှင် ကလေးငယ်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန ၊ ဒုဝန်ကြီး ဒေါက်တာခင်မောင်လွင် ဦးဆောင်တဲ့ CDM ဆရာဝန်တွေက Hydrocephalus ရောဂါရှင်ကလေးငယ်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့တယ်လို့ ဒုဝန်ကြီးက လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။