စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရထားကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံးပန့်တွေ ဖမ်းဆီးရမိထားတယ်လို့ အမှတ်(၁)စစ်ဒေသ၊ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ရက်နေ့ကစလို့ တန့်ဆည်မြို့နယ်အတွင်းမှာ အ​ကြမ်းဖက် စစ်ကောင်စီရဲ့ ကလေးမြို့ အခြေစိုက် (ခမရ-၃၆၁) တပ်အပါအဝင် လက်အောက်ခံပြည်သူ့စစ်တွေနဲ့ PDF၊ အမှတ် (၁) စစ်ဒေသ၊ ဗျူဟာ-၅၂က ပေါ်ဦးစစ်ကြောင်း ( PAW OO Column )၊ ပေါ်ဦး-၃ တို့ ထိတွေ့တိုက်ပွဲတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

“မတ်လ ၄ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲစဖြစ်ပါတယ်။ တန့်ဆည်မြို့ပေါ်က စစ်ကောင်စီကိုပဲတိုက်ခိုက်တာမဟုတ်ဘဲ အခိုင်အမာ စခန်းတွေအားလုံးကို တိုက်တာပါ။ ကျနော်တို့ ဗျူဟာ-၅၂၊ပေါ်ဦးစစ်ကြောင်းက စစ်မျက်နှာဖွင့် ထိုးစစ်ဆင်နေတဲ့ သဘောပါ။ ဒီနေ့အထိလည်း တိုက်ပွဲတွေရှိနေဆဲပါ။” လို့ အမှတ်(၁)စစ်ဒေသ၊ ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရက် ၂၀ကျော်ကြာ ဖြစ်ပွါးနေတဲ့ ထိတွေ့တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အယောက် ၂၀ ထက်မနည်းသေဆုံးထားပြီး အယောက် ၄၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားသလို ကန့်ဘလူ ပြည်သူ့ဆေးရုံကြီးမှာ အယောက် ၃၀ ကျော် တက်ရောက်ဆေးကုသနေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားသလို လက်နက်၊ ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ အမှတ်(၁)စစ်ဒေသ၊ ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

“တိုက်ပွဲအတွင်းကနေ စစ်သုံ့ပန်းအဖြစ် ၂ယောက်ကို ဖမ်းဆီးရမိထားပါတယ်။ အခုအချိန်မှာ သူတို့ကို လိုအပ်တဲ့ စောင့်ရှောက်မှုတွေ၊ ထောက်ပံ့မှုတွေ အပြည့်အ၀ ပေးထားပါတယ်။ လက်နက်သိမ်းဆည်းမှုတွေကတော့ တိုက်ပွဲဖြစ်နေတုန်းမို့ တိကျတဲ့ အချက်အလက်တွေ ကောက်ခံလို့ မရသေးပါဘူး စိစစ်ဆဲပါ။ တိုက်ပွဲဆိုတော့ အထိခိုက်ကျဆုံး အနည်းအများရှိပါတယ်။ ပြောလို့မရသေးပါဘူး ” လို့ အမှတ်(၁) စစ်ဒေသ၊ ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိအချိန်အထိ တန့်ဆည်မြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီက ဒရုန်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အမှတ်(၁)စစ်ဒေသ၊ ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်းမှာ တန့်ဆည်မြို့နယ်အခြေစိုက် ရွှေဘိုခရိုင် အမှတ် ၇၊ ၈၊ ၁၀၊ ၁၆၊ ၂၅ တပ်ရင်းစတဲ့ တပ်ရင်း ၅ရင်း ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မှော်စီစာကျေးရွာတွင် အချဉ်ပေါင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ SKY Hotel ရှေ့မှာ အချဥ်ပေါင်းရောင်းတဲ့ အမျိုးသားတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် လင်းယောခင်ကျေးရွာအနီး စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်ရှင်းလင်းခဲ့

ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ လင်းယောခင်ကျေးရွာအနီးက စစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တဲ့ မှတ်တမ်းဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​ ရဲ့ ပြန်ကြားရေးဌာန PVTV က ဖော်ပြလာပါတယ်။
Read More

မအူပင် အကျဉ်းထောင်က ထောင်ဝင်စာ ဈေးကွက်

ဧရာဝတီတိုင်း၊ မအူပင်အကျဥ်းထောင်မှာ အကျဥ်းချခံထားရသူတွေကို ထောင်ဝင်စာတွေ့ခွင့်တောင်းတဲ့အခါ ထောင်အာဏာပိုင်တွေက ငွေကြေးတောင်းယူမှုတွေရှိနေပြီး ငွေကြေးပေးနိုင်တဲ့သူတွေကိုသာ ဦးစာပေး တွေ့ခွင့်ပေးနေကြောင်း အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
Read More

မင်္ဂလာဒုံ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ ပြည်ပထွက်ခွာမယ့် လူငယ်တွေကို နည်းမျိုးစုံနဲ့ ငွေညှစ်မှု ပိတ်ပင်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို တုံ့ပြန်တာဖြစ်တယ်လို့ Shawdow SAF အဖွဲ့က ပြောပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမပေါ်ရှိ မုံရွေးတိုးဂိတ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်သိမ်းပိုက်မှု စစ်အုပ်စု ၈ ဦး သေပြီး၊ လက်နက် ၅ လက် ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ မုံရွေးတိုးဂိတ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ အကြမ်းဖက် စစ်သား ၈ ယောက် သေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Budalin Defense Force (BDF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲ မကျင်းပနိုင်ရေး အစွမ်းကုန် တားဆီးသွားမည်ဟု DMO Local PDF ထုတ်ပြန်

မကြာခင် ကျင်းပပြုလုပ်တော့မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် အစွမ်းကုန် တားဆီးသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက ထုတ်ပြန်လိုက်ပါတယ်။