ပြည်သူကို ကာကွယ်ရမယ့် ​စစ်တပ်အဖြစ်ကနေ ဖက်ဆစ်အသွင်ကူးပြောင်းသွားတဲ့ စစ်တပ်ကို တော်လှန်နေတဲ့ လက်ရှိကာလဟာ ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

“ယခုအချိန်တွင် တိုင်းရင်းသားပြည်သူလူထု၏ အခွန်ဘဏ္ဍာ ချွေးနည်းစာဖြင့် တည်ဆောက်ထားသည့် နိုင်ငံတော်ကာကွယ်ရေးယန္တရားသည် ကိုယ်ကျိုးအတ္တဖက်ပြီး ညံ့ဖျင်းသည့် အကြမ်းဖက် စစ်အုပ်စု၏ အဓမ္မအာဏာလုယူခဲ့မှုကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမည့် စစ်တပ်အဖြစ်မှ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ရန်ပြုခြိမ်းခြောက် ဖျက်ဆီးနေသည့် ဖက်ဆစ်စစ်တပ်အသွင်သို့ ကူးပြောင်းလာခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက နေရာအနှံ့ တော်လှန်တိုက်ခိုက်နေကြရာ ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလ ဟူ၍ပင် ရည်ညွှန်းရပေမည်။” လို့ NUG အစိုးရက နွေဦးတော်လှန်ရေးကာလကို ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဆိုပြီး ဖော်ညွှန်းထားတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ခေတ်အဆက်ဆက် ပြည်တွင်း၊ ပြည်ပ ဖက်ဆစ်မိစ္ဆာတွေကို ရရာနည်းလမ်းနဲ့ တော်လှန် တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးဖြစ်စဉ်တွေအတွင်း အသက်၊ သွေး၊ ချွေး စတေးပြီး ပေးဆပ်ခဲ့တဲ့ တိုင်းရင်းသား ပြည်သူအားလုံးရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ တော်လှန်ရေးသစ္စာအဓိဋ္ဌာန်ကို အစဉ်အမြဲ အောက်မေ့သတိရ လေးစားဦးညွှတ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း အတိတ်သမိုင်းကာလတွေမှာ တိုင်းရင်းသား ပြည်သူအားလုံး စုစည်းညီညွတ်မှု၊ အပြန်အလှန် ယုံကြည်လေးစား အသိမှတ်ပြုမှုတို့နဲ့ အောင်ပွဲကို ဆွတ်ခူးနိုင်ခဲ့သလို အခု ခေတ်သစ် ဖက်ဆစ်မိစ္ဆာ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်နေတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးမှာလည်း တိုင်းရင်းသားပြည်သူအားလုံးအကြား ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မကြာမီကာလမှာလည်း ပြည်သူအားလုံးအတွက် အောင်ပွဲတွေ ဆွတ်ခူးနိုင်ပြီး အသစ်ပြန်လည်တည်ဆောက်မယ့် ဖက်ဒရယ်တပ်မတော်ကို ဖက်ဆစ်သန္ဓေဆိုးကင်းစင်ကာ ပြည်သူကို အလေးထားကာကွယ်ပေးတဲ့ ပြည်သူ့တပ်မတော် တစ်ရပ်အဖြစ် ထူထောင်နိုင်ဖို့ မျှော်မှန်းဆန္ဒပြုကြောင်း NUG အစိုးရရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ဦးအထိ ရှိ…

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် သူတို့ရဲ့ တရားဝင်ထိန်းသိမ်းရေးစခန်းတွေက စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ယောက်အထိ ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ချင်းမိုင်မြို့ စစ်ရှောင်ရန်ပုံငွေ ရုပ်ရှင်ပြပွဲကို လာရောက်အားပေးဖို့ တော်လှန် အနုပညာရှင်များ ဖိတ်ခေါ်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီ ၂၀ ရက်နေ့ ပြသမယ့် တော်လှန်အနုပညာရှင်တွေ ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားတွေကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင်တွေက ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။
Read More

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု၏ အပတ်စဥ် (၈) အခြေခံစစ်သင်တန်းဆင်းပွဲ

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယောကာကွယ်ရေးတပ်ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို စစ်ကောင်စီ လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် - YDF ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံး ပကဖ မှ ကျဆုံးရဲဘော် တပ်ခွဲမှူး တုတ်ကြီးနှင့် ရဲဘော် Fire အတွက် တစ်နှစ်ပြည့် ရည်စူးကုသိုလ်ပြု…

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကျဆုံးရဲဘော်တွေဖြစ်တဲ့ တပ်ခွဲမှူးတုတ်ကြီးနဲ့ ရဲဘော် Fire တို့ရဲ့ ကျဆုံးခြင်း (၁) နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦး အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို AA ထပ်မံလွှတ်ပေး

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက ဒုတိယရဲမှူးကြီး ၁ ယောက်အပါအဝင် စစ်သုံ့ပန်း မိသားစုဝင် ၁၉၈ ယောက်ကို ထပ်မံလွှတ်ပေးခဲ့တယ်လို့ AA ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။