အာဏာသိမ်းစစ်အုပ်စု ကိုလက်နက်တွေ ရောင်းချနေတဲ့ ရုရှားနဲ့  ဘီလာရုစ် က ကာကွယ်ရေးဝန်ကြီးတွေ စစ်ကောင်စီရဲ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေပါတယ်။

ဒီနေ့မတ်လ ၂၇ ရက်နေ့မှာ  နေပြည်တော်မှာ ကျင်းပမယ့် အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ဖို့ စစ်ကောင်စီရဲ့ ဖိတ်ကြားမှုအရ ရောက်ရှိနေတာဖြစ်ပါတယ်။ 

ရုရှားနိုင်ငံ ဒုတိယကာကွယ်ရေး ဝန်ကြီး Colonel General အလက်ဇန်ဒါ ဗာစီလီဗစ်ချ် ဖိုမင်နဲ့  ဘီလာရုစ် ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဗစ်တာဂျင်နာ ဒီဗစ်ချ် ခရေနင် တို့ဟာ နေပြည်တော်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ ရုရှားနဲ့ ဘီလာရုစ် ခရီးစဉ်တွေအပြီး အဆိုပါနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေဟာ စစ်ကောင်စီကိုထောက်ခံအားပေးကြောင်း ပြသဖို့ ရောက်ရှိလာတာလည်းဖြစ်ပါတယ်။

လာမယ့် မေလ ၉ ရက်တွင် မော်စကိုမှာ  ကျင်းပမယ့် ၈၂ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းနားသို့တက်ဖို့လည်း  ရုရှားသမ္မတ ပူတင်က အာဏာသိမ်း စစ်ခေါင်းဆောင်ကို တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖလမ်းမြို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိဟု ဆို

ချင်းပြည်နယ် ဖလမ်းမြို့က စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ရဲ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အခြေစိုက် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ (သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) က အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောင်လံတွင် နိုင်ငံခြားအလုပ်ကိုင်ရှာဖွေရေး အေ့ဂျင့်အမျိုးသမီးတစ်ဦး အသတ်ခံရ

မကွေးတိုင်း ၊ အောင်လံမြို့နယ်မှာ နိုင်ငံခြားအလုပ်အကိုင်ရှာဖွေရေး အေးဂျင့်အမျိုးသမီးတစ်ယောက် အသတ်ခံရတယ်လို့  အောင်လံမြို့ ဒေသတွင်းစစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ အောင်လံလူထု အဖွဲ့ဆီက သိရပါတယ်။
Read More

ဒိုက်ဦးထောင်တွင် အကျဉ်းထောင်အလုပ်များကို ငြင်းဆန်သည့် နိုင်ငံရေးအကျဉ်းသူများ ပါဆယ်ပို့ခွင့် ကန့်သတ်ခံရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်အလုပ်တွေကို ငြင်းဆန်တာကြောင့် ပါဆယ်ပို့ခွင့် ကန့်သတ်ခံနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်တော်စောင့်ကို ပစ်ခတ်ရှင်းလင်းရာ ရိုင်ဖယ်သေနတ်အပြင် ကစားစရာ သေနတ်နှင့် ကစားစရာ လက်ပစ်ဗုံး သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သက်တော်စောင့်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းရာ ထိုသူတွေထံက သေနတ်အစစ်တွေ အပါအဝင် ကလေးကစားစရာ သေနတ်နဲ့ လက်ပစ်ဗုံးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကို လေယာဉ်ဆီအပါအဝင် လေယာဉ်အစိတ်အပိုင်းနဲ့ နည်းပညာတွေ တင်သွင်းမှု စောင့်ကြည့်နိုင်တဲ့ ယန္တရားထူထောင်ပြီး ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုတိုက်တွန်း

မြန်မာနိုင်ငံကိုတင်သွင်းမယ့် လေယာဉ်ဆီတွေကို စောင့်ကြည့်နိုင်တဲ့ ယန္တရားတစ်ခု ထူထောင်ပြီး ထိရောက်တဲ့ စိစစ်မှုတွေပြုလုပ်ဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ဒီနေ့ ဇန်နဝါရီ ၁၀ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။