တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မင်းအောင်လှိုင်ဟာ မနေ့က မတ် ၂၆ ရက် မနက်ပိုင်းမှာ နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တက်ရောက်ဖို့ နေပြည်တော်ကိုရောက်ရှိနေတဲ့ အငြိမ်းစားတပ်မတော်အရာရှိတွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။

တပ်မတော်ရဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်နေပြီး စွမ်းရည်စွမ်းပကား မြင့်မားစေရေးအတွက် မြှင့်တင်ဆောင်ရွက်လျက်ရှိတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။

(ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

နိုင်ငံတဝန်း ပြင်းထန်တဲ့ ထိုးစစ်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားတယ်လို့လည်း ဝါဒဖြန့် ပြောဆိုပါတယ်။

ဆိုးရွားတဲ့ စစ်ရာဇတ်မှုတွေကြောင့် နိုင်ငံတကာကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မင်းအောင်လှိုင်က နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃) ရဲ့ အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃)၊ အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

၂၀၂၅ ခုနှစ်မှာ မန္တလေးတိုင်းအတွင်း စစ်ကောင်စီကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါ ၂၇ ဦး သေဆုံးခဲ့

မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ်အစပိုင်း ၂ လကျော်ကြာချိန်မှာ အကြမ်းဖက်စစ်ကောင်စီကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ၂၇ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် ၆ သင်တန်းဆင်းပွဲ

ချင်းပြည်နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ် - အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၆ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေကြောင့် ပေါက်မှာ နေအိမ် ၅လုံးပျက်စီးပြီး အရပ်သား၂ယောက်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်လေးပင်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကအပြင်၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီရဲ့ မာထောတပ်စခန်းကြီးကို KNU သိမ်းပိုက်ရရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်)အတွင်းမှာရှိတဲ့ မာထော စစ်ကောင်စီတပ်စခန်းကြီးကို သိမ်းပိုက်ရရှိခဲ့ပြီလို့ KNU က ယနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ People's Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။