ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထု အသုံးပြုတဲ့ လမ်းတွေမှာ မိုင်းထောင်ထားတာ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
ရွှေကျင်မြို့နယ်မှာ မတ်လ (၁၃) ရက် နေ့လည်ပိုင်းမှာ ဆင်ရွာဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ-၃၅၀ တပ်များမှ (၈၁) မမ (၂)လုံး ပစ်ခတ် ခဲ့ရာ အညာစုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ (၄၅) နှစ်အရွယ် အမျိုးသမီး ၁ ယောက် ထိခိုက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျောက်ကြီးမြို့နယ်မှာ မတ်လ (၁၉) ရက် ညပိုင်းက ခလရ-၂၆၄ ကနေ အကြမ်းဖက်စစ်ကောင်စီတပ်က ကညင်ကျွန်းကျေးရွာအတွင်း ဒရုန်းနဲ့ လာရောက် ဗုံးကြဲခဲ့ရာ နေအိမ် (၂) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မူးမြို့နယ်မှာလည်း မတ်လ (၂၄) ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မိုင်းတွေကို အုန်းသျှစ်ခင်ကျေးရွာက ကလေးငယ် (၂) ယောက် ရွာအပြင်မှာ ဆော့ကစားနေချိန် နင်းမိရာက (၁၄)နှစ်အရွယ်နဲ့ (၉)နှစ်အရွယ် ကလေးငယ် (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပုံစာ − အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် ထိခိုက် ပျက်စီးမှုများ..
0 Shares:
You May Also Like
Read More

ကလေးက စစ်တပ်ဂိတ်တွေကို အသေခံဒရုန်းတွေနဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာရ

ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနဲ့ ထိုမာရွာမှာရှိ တဲ့စစ်တပ်ဂိတ်တွေကို အသေခံ အရုန်း တွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်တပ်ဘက်မှ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးတွင် ဆေးကြောင်ပြီး ထွက်ပြေးလာသည့် စစ်သား ၁ ဦးကို ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဆေးကြောင်ပြီး ထွက်ပြေးလာတဲ့ စစ်သားတစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘားအံထောင်တွင် နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး (ခ) ကရင်လေးကို ထောင်ဝန်ထမ်း ၃၀ နီးပါးက သေဆုံးသည်အထိ ရိုက်နှက်၊ ရောဂါကြောင့် သေဆုံးသည်ဟု လိမ်လည်အကြောင်းပြ

ကရင်ပြည်နယ်၊ ဘားအံအကျဥ်းထောင်မှာ အကျဥ်းထောင်ဝန်ထမ်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်တာခံရပြီး ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး (ခ) ကရင်လေးရဲ့ သေဆုံးမှုကို နှလုံးရောဂါနဲ့ သေဆုံးမှုအဖြစ် ထောင်အာဏာပိုင်တွေက လိမ်လည်ထွက်ဆိုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

ဖြူး-အုတ်ဖြတ်လမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းပေါ်က တာကျိုးလမ်းဆုံမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

တကသများ-ရန်ကုန်နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ယင်းမာပင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသများ-ရန်ကုန်) နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း ဖွင့်လှစ်ကာ ဒေသခံလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ကိုရီးယားလွှတ်တော်တွင် “မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို ကျော်လွန်၍ ငြိမ်းချမ်းရေးကို ရှုမြင်ခြင်း” ခေါင်းစဉ်ဖြင့် မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်…

တောင်ကိုရီးယားလွှတ်တော်မှာ “မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို ကျော်လွန်၍ ငြိမ်းချမ်းရေးကို ရှုမြင်ခြင်း” ခေါင်းစဉ်နဲ့ မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ်လ ၂၁ ရက်က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။