ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးဆွေးနွေးပွဲကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မယ့် အစီအစဉ်ဟာ မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ မျှော်မှန်းချက်ကို စော်ကားလိုက်တာလို့ Justice For Myanmar က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို ဘင်းမ်စတက် (BIMSTEC) ထိပ်သီးဆွေးနွေးပွဲကို မတက်ရောက်စေရေး အခိုင်အမာ တားဆီးရမယ်လို့ JFM က ဆိုပါတယ်။
ဘင်းမ်စတက် (BIMSTEC) ထိပ်သီးဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီလ ၃ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ထိုင်းသတင်းဌာနအချို့ရဲ့ ဖော်ပြမှုအရ မင်းအောင်လှိုင်ဟာ အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။
BIMSTEC အဖွဲ့ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် မြန်မာစစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံပြီး ရှက်ဖွယ်သမိုင်းကြောင်းလည်း ရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ BIMSTEC အထိမ်းအမှတ်နေ့အတွက် ခေါင်းဆောင်တွေထံက သတင်းစကားကို BIMSTEC အတွင်းဝန်ရုံးက ထုတ်ပြန်ခဲ့ရာမှာ မင်းအောင်လှိုင်ကို “လေးစားအပ်ပါသော မြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ” လို့ ရည်ညွှန်းသုံးစွဲတာမျိုး ရှိခဲ့ဖူးပါတယ်။
ဒါ့အပြင် BIMSTEC ဟာ စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ၂၀၂၂ ခုနှစ်က သီရိလင်္ကာနိုင်ငံမှာ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲကိုလည်း တက်ရောက်ခွင့်ပြုခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ်က မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန် ပြုလုပ်ချိန်ဖြစ်တဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာလည်း BIMSTEC ဟာ ၄ ကြိမ်မြောက် BIMSTEC ရဲ့ နိုင်ငံတော်အဆင့် လုံခြုံရေးအကြီးအကဲများ အစည်းအဝေးကို မြန်မာစစ်တပ်ကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ခွင့်ပြုခဲ့ပါတယ်။
BIMSTEC မှာ မြန်မာစစ်အုပ်စု ပါဝင်ခွင့်ရရှိနေမှုကြောင့် စစ်ကောင်စီအတွက် စွမ်းဆောင်ရည်မြှင့်တင်ရန်၊ နိုင်ငံတကာတရားဝင်မှုရရှိရေး ကြိုးပမ်းရန်၊ ဝါဒဖြန့်ချိရေးအတွက် အကြောင်းအရာဖန်တီးရန်၊ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေနဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေ တိုးမြှင့်ဆောင်ရွက်ရန်တို့အတွက် အထောက်အပံ့ ဖြစ်စေခဲ့တယ်လို့ JFM က ဆိုပါတယ်။
BIMSTEC အဖွဲ့ဝင်နိုင်ငံတွေထဲမှာတော့ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်းနဲ့ သီရိလင်္ကာတို့ ပါဝင်ပါတယ်။ အဖွဲ့ရဲ့ အတွင်းဝန်တွေရုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တည်ရှိတာဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်က ဘန်ကောက်မှာ တည်ထောင်ခဲ့တဲ့ BIMSTEC အဖွဲ့ဟာ ဘင်္ဂလားပင်လယ်အော်ဒေသ အိမ်နီးချင်းနိုင်ငံတွေအကြား စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
ဒါ့ကြောင့် BIMSTEC ရဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုကြီးတွေမှာ ဂုဏ်သိက္ခာထိခိုက်ဖွယ်ရာ ကြံရာပါ ပတ်သက်မှုကို အမြန်ဆုံးရပ်တန့်ဖို့ JFM က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
0 Shares:
You May Also Like
Read More

အတုအယောင် ရွေးကောက်ပွဲအကြို စစ်အုပ်စု တိုက်ခိုက်မှုများ လုပ်လာတာကြောင့် ပြည်သူလူထုအား ကာကွယ်ရန် အရေးပေါ် ဆောင်ရွက်မှုများ လုပ်ဆောင်ကြရန် နိုင်ငံတကာကို SAC-M တိုက်တွန်း

အကြမ်းဖက် စစ်ကော်မရှင်ဟာ မကြာခင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်တဲ့အတွက် နေ့စဥ်နဲ့အမျှ တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် မြန်မာပြည်သူတွေကို ကာကွယ်ဖို့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ အရေးပေါ်ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောကြားလိုက်ပါတယ်။
Read More

လက်နက်ချဖို့ ထရမ့်ရဲ့ပြောဆိုချက် အီရန်ခေါင်းဆောင် ပယ်ချ၊ အမေရိကန်ရဲ့ စွက်ဖက်မှုကြောင့် ပြန်ပြင်လို့မရအောင် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဆို

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ အမေရိကန်က လက်နက်ချဖို့ ပြောဆိုလာမှုကို အီရန်ထိပ်တန်းခေါင်းဆောင်က ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်ပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင်ကို တကိုယ်‌တော်ဆန္ဒပြခဲ့သည့် ထိုင်းတက္ကသိုလ်ကျောင်းသား ပြန်လည်လွတ်မြောက်လာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က BIMSTEC ဘင်းမ်စတက် အစည်းအဝေးကျင်းပနေတဲ့ ရှန်ဂရီလာဟိုတယ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တစ်ကိုယ်တော်ဆန္ဒပြခဲ့တဲ့ ထိုင်းတက္ကသိုလ် ပထနှစ်ကျောင်းသား ပွန်(အမည်လွှဲ) ဟာ ဒီနေ့ည ၇ နာရီကျော်မှာ ပြန်လည်လွတ်မြောက်လာပြီလို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

မြန်မာ့အရေး ဖြေရှင်းရာမှာ ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဘူးလို့ အာဆီယံသဘောတူ

အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းရာမှာ ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဘဲ၊ စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးကတိကဝတ်တွေကို လိုက်နာဖို့ တိုက်တွန်းတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့မှာ ပြောပါတယ်။
Read More

မြန်မာ့အရေးစကားဝိုင်းများတွင် ကမကထပြုပေးသူသာ ဖြစ်သည်ဟု ထိုင်းဆို

စစ်ကောင်စီနဲ့ အာဆီယံဥက္ကဋ္ဌ မလေးရှားတို့အကြား ဘန်ကောက်မှာ မကြာခင်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ထိုင်းရဲ့အခန်းကဏ္ဍဟာ ကမကထလုပ်ပေးသူအဖြစ် အလေးထား ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ထိုင်းအစိုးရက သောကြာနေ့မှာ ပြောပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဝန်ကြီး ဒေါ်ဇင်မာအောင်က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský နဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။