ထိုင်းနိုင်ငံအတွင်း မတ်လ ၂၁ ရက်မှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ လုံး၀ စပ်ဆိုင်ပတ်သက်မှုမရှိကြောင်း ကရင်အမျိုသားအစည်းအရုံး(KNU) ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူထားတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဦးစီးဌာနချုပ်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
KNLA ရဲ့ ထုတ်ပြန်ချက်မှာတော့ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းတွေကို နိုင်ငံတကာက ဆန့်ကျင်ရှုတ်ချသလို KNU/KNLA ကလည်း မူလမ်းစဉ်အရ လုံးဝအားပေးထောက်ခံမှုမရှိဘဲ နိုင်ငံတကာနဲ့အတူ ဆန့်ကျင်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။
KNU – ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေးဦးဆောင်မှုကို အမြဲခံယူ ကျင့်သုံးနေတဲ့ KNLA – ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်အနေနဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ တော်လှန်ရေးသမိုင်းတလျှောက် ကင်းရှင်းစွာ ရပ်တည်လာခဲ့တဲ့ အဖွဲ့အစည်းလည်း ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
KNU အုပ်ချုပ်မှုနယ်မြေအတွင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သူတွေကိုလည်း အဖွဲ့ရဲ့တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး နှင့် Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee နဲ့ တောင်ကိုးရီးယားသမ္မတနိုင်ငံမှာ မေလ ၁၄ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

မြဝတီမှာ လူကုန်ကူးခံရသူ ၁၁၀ ယောက်ကို ကယ်ပေးဖို့ အရပ်ဘက်အဖွဲ့တွေ ထိုင်းဝန်ကြီးချုပ်ကို အကူအညီတောင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တောင်ကိုရီးယားက မြန်မာ့ငလျင်အတွက် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ပထမဆုံး လူသားချင်းစာနာမှုအကူအညီတွေကို ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အလုပ်သမားညီလာခံ ပြုလုပ်နေသည့် ကုလရုံးချုပ်ရှေ့တွင် စစ်ကောင်စီကို Article 33 အရ အရေးယူရေး ဆန္ဒပြ

ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အအုံ ပြင်ပရှိ Broken Chair အောက်မှာ အကြမ်းဖက်စစ်ကောင်စီကို Article 33 အရ အရေးယူနိုင်ရေးအတွက် ဆန္ဒပြပွဲကို ၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားညီလာခံ (113th ILC) ပြုလုပ်တဲ့နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်တွင် ရက်ကျော်နေထိုင်သူတွေ များပြားနေမှုကြောင့် မြန်မာနိုင်ငံအပါ နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်

အမေရိကန်ကိုရောက်ပြီးနောက် ရက်ကျော်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ များပြားနေတာကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်လိုက်တယ်လို့ အိမ်ဖြူတော်က သမ္မတထရမ့် လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်ကို မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရှမ်းမြောက်နဲ့ ဆက်စပ်ဒေသတွေက တရုတ်စီမံကိန်း ၁၃ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ အပြည့်အဝထိန်းချုပ်ထား..

ရှမ်းပြည်နယ် မြောက်ပိုင်းအပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာရှိတဲ့ တရုတ်စီမံကိန်း ၁၃ ခုကို တိုင်းရင်းသား လက်နက်ကိုင် (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDFs) တွေက အပြည့်အဝထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။