မွန်ပြည်နယ် သထုံခရိုင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံမှူးအပါအဝင် ၃ ယောက် တိုက်ခိုက်ခံရပြီး စုံမှူးဒဏ်ရာရကာ ဒုစုံမှူးနဲ့ လ/ထစုံမှူး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ ၊ UGထံက သိရပါတယ်။

မတ်လ ၂၃ ရက် ညနေပိုင်းက ကျိုက်ထိုမြို့နယ် ကြာဖြူကျေးရွာထိပ်-ခမိတ်အစိုးရ ရာဘာခြံအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ် စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)မှ စုံမှူး အပါအဝင် ၃ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စုံမှူးထိခိုက်ဒဏ်ရာရရှိသွားပြီး ဒုစုံမှူး မင်းသူနဲ့ လ/ထစုံမှူး မျိုးသန့်တို့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ ၊ UGနဲ့ ပူးပေါင်း အဖွဲ့ရဲဘော်တွေ အထိအခိုက်မှရိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘုရားကြီးကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းအား ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို  တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုမြို့နယ် ဝိုင်းရွာရဲစခန်း လက်နက်ကြီးထိမှန် မီးလောင်ကာ စစ်ကောင်စီတပ်သား ၁၅ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲစခန်းကို မတ်လ ၁၂ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖထံက သိရပါတယ်။
Read More

ရေလာလေးပျူစခန်း စီးနင်းတိုက်ခိုက်မှုမှာ စစ်သား ၆ ယောက် သေ၊ ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးပျူစခန်းကို ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးဘူတာနားရှိ စစ်ကော်မရှင်တပ်ကင်းပုန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျဆုံးသွားတဲ့ စစ်ကြောင်းမှူးကိုနိုင်မင်းရဲ့ လလည် (ရုပ်/ သံ)

စစ်အာဏာရှင်ကို တိုက်ထုတ်ရန်ကြိုးစားရာမှာ  ရဲဘော်အများအပြား ပေးဆပ်ခဲ့ရပြီး ဖြစ်တဲ့အတွက်  ရဲဘော်များအနေနဲ့ ခံယူချက်ပျောက်၍ မရကြောင်း၊ ခံယူချက်ဖြင့်သာ တော်လှန်ရေးကို ရှေ့ဆက်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။