စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နဲ့ ပျူစောထီးအများအပြား သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
ရွှေဘိုမြို့နယ်၊ ရွှေဘို-ရေဦးလမ်းရှိ ကျွန်းခြံအတွင်းနဲ့ ဥသျှစ်ကန်သုဿန်ကို ရောက်ရှိလာတဲ့ ပန်းရံကျေးရွာ၊ ခွန်တောင်းကြီးကျေးရွာ၊ ဇီးကုန်းလေးကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာတွေက စစ်သားတွေနဲ့ ပျူစောထီးတွေကို မတ်လ ၂၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းဗုံးသီးတွေ ချပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဥသျှစ်ကန်သုဿန်အတွင်းက စစ်သားနဲ့ ပျူစောထီးတွေ ထွက်လာတာကြောင့် မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၅ ယောက် လမ်းပေါ်မှာ လဲကျသွားခဲ့တာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ရွှေဘိုမြို့နယ် ပကဖ က ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်သားနဲ့ ပျူစောထီး အများအပြား ထိခိုက်သေဆုံးတာတွေရှိပြီး အတိအကျကို စုံစမ်းနေဆဲဖြစ်သလို စစ်ကောင်စီတပ်ရဲ့ အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် ရွှေဘိုမြို့နယ်၊ မေဂွန်ကျေးရွာက ပျူစောထီးတွေ ကား ၂ စီးနဲ့ ကျွန်းခြံကို စစ်ကူရောက်လာသလို ရွှေဘိုမြို့ ခလရ ၄၂ တပ်၊ ရွှေဘိုမြို့ ကညနရုံး၊ ရွှေဘိုကန်တော်တို့က ၁၂၂ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံရဲ့ ကွပ်ကဲမှုနဲ့ ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့(PDO)က ဦးဆောင်ပြီး ရွှေဘိုမြို့နယ်ပကဖ Federal Tech Shwebo-Drone တပ်ဖွဲ့နဲ့ တိုက်နယ်-၅ (ပကဖ) အဖွဲ့ ၊တိုက်နယ်-၁ (ပကဖ) ၊ တိုက်နယ်-၂ (ပကဖ)တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – ရွှေဘိုမြို့နယ် ပကဖ တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

တစ်ရက်ထဲအတွင်း ဖြစ်ပွားခဲ့သည့် မြင်းခြံ အရှေ့ခြမ်းနှင့် အနောက်ခြမ်း တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ဗိုလ်အဆင့်ရှိသူအပါ ၂၂ ဦးသေဆုံး Myingyan Black Tiger(MBT) တပ်ဖွဲ့ဝင် ၂ ဦးလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်များ တစ်နေ့ထဲမှာ ထိတွေ့တိုက်ပွဲနှစ်နေရာမှာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ဗိုလ်အဆင့်ရှိသူအပါ ၂၂ ယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ပွဲများအတွင်း စစ်တပ်ရဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ပြီး၊ MBT ဖက်မှလည်း တပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။
Read More

ကျိုက်ထိုမြို့နယ် ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ဗုံးကြဲမှုကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူ၊ ၅ ပါး ဒဏ်ရာပြင်းထန်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာရှိ အရပ်သား နေအိမ်များကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာရှိ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကခရိုင် အမှတ် ၁၉ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တော်ဝိရွာ အကြမ်းဖက်စခန်းကို PDF ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၁၃ ဦး သေ၊ ရဲအရာရှိ ၂ ဦးနှင့် စစ်သား ၁ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ ရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ တော်ဝိရွာ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံးပြီး ရဲအရာရှိတွေအပါအဝင် သုံ့ပန်း ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ရဟန်း ၂ ပါးအပါ ၁၀ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ရဟန်း ၂ ပါးအပါအဝင် ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲများ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလလူ့အခွင့်အရေးအရာရှိပြော

မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေးအကျပ်အတည်းထဲမှာ နစ်မွန်းနေရပြီး ပြည်သူတွေဟာလည်း ဒုက္ခဆင်းရဲတွေ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပြောပါတယ်။