တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၅၈) တပ်ရင်းကနေ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
မတ်လ ၂၅ ရက် မနေ့က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ ဒေါနတပ်ရင်း၊ ဗျူဟာ (၃၃) နယ်မြေအတွင်း လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်လာခဲ့တာဖြစ်ပြီး ၂ ယောက်စလုံးဟာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မ စုဆောင်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ MA 2 (၁)လက်၊ MA1 (၁)လက်၊ကျည်ဘောက် (၆)ခု၊ ကျည် (၁၉၅)တောင့်၊ ပို့ကျည် (၅)တောင့်၊ လက်ပစ်ဗုံး (၁)လုံး၊ နင်းမိုင်း (၂)လုံး၊ အီနာဂါ (၃)လုံး၊ vest (၂)ထည် တို့ကို ယူဆောင်လာပြီး ဒေါနတပ်ရင်းဆီ လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်က ပုလောအခြေစိုက် အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းနဲ့ ဝဲကလိအခြေစိုက် အမှတ်(၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းက သင်တန်းဆင်း စစ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါစစ်သား ၂ ယောက်ဟာ ရွာမှာ နွားကျောင်းနေရင်း အတင်းအဓမ္မ တပ်သားစုဆောင်းခံရတာကြောင့် စစ်ကောင်စီတပ်ထဲ ဝင်ရောက်လာရတာဖြစ်ပြီး သူတို့ ၂ ယောက်က “စစ်တပ်၏ အနိုင်ကျင့်မှုကိုမခံဘဲ ကျွန်​တော်တို့က စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်သွားမည်” လို့လည်း ပြောဆိုထားပါတယ်။
ဒေါနတပ်ရင်းမှူး ရဲဘော်ရန်နိုင်ကလည်း ” CDM အလင်းဝင်ရောက်လာသူများကို နွေးထွေးစွာကြိုဆိုလက်ခံပြီး၊ ကျန်ရှိနေ​သော စစ်ကောင်စီတပ်သားများအနေဖြင့် အလကားအသေမခံဘဲ အချိန်ရှိတုန်း ပြည်သူနဲ့ပူးပေါင်းပါ” လို့ ပြောကြားထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်တွေကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေအပါအဝင် ပြည်သူ့ဘက် ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ၊ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေကို ချိတ်ဆက် အလင်းဝင်ရောက်နိုင်တယ်လို့ ဒေါနတပ်ရင်းက အသိပေး တိုက်တွန်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မြို့တော်ခန်းမရှေ့တွင် ICJ ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့ကို အကြမ်းဖက်စစ်တပ်ထောက်ခံသူများဂုဏ်ပြု

ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာတရားရုံး (ICJ ) ရောက်မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုပွဲနဲ့ ဂမ်ဘီယာနိုင်ငံရဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေကို ကန့်ကွက်ရှုတ်ချတဲ့ အမျိုးသားရေး ဆန္ဒဖော်ထုတ်ပွဲဟု ဆိုကာ အကြမ်းဖက်စစ်တပ်ထောက်ခံသူများက မြို့တော်ခန်းမရှေ့မှာ စုရုံးဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် ၆ သင်တန်းဆင်းပွဲ

ချင်းပြည်နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ် - အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၆ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်နေ အရပ်သားပြည်သူ ၁၀၀၀ ကျော် ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေရာ ဒေသခံပြည်သူ ၁၀၀၀ ကျော်က ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စျေးဝယ်ထွက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ စနိုက်ပါဖြင့် ပစ်ခံရပြီး ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စျေးဝယ်ပြန်လာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ယောက်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ တာဝန်ခံ ကိုသက်ကြီးက မောင်းကိုပြောပါတယ်။
Read More

ချီဗွေစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းများစွာ စစ်ကောင်စီထံက ရရှိ

KIA က ထိန်းချုပ်သိမ်းပိုက်လိုက်တဲ့ ချီဗွေစခန်းသိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီထံကနေလက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ ရှေ့တန်းရောက် ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာဖော်ပြလာပါတယ်။
Read More

မန္တလေးအတွက် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ လုပ်ငန်းကော်မတီ စတင်ဖွဲ့စည်း

မန္တလေးတိုင်းထဲက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းလွှတ်တော်က အသိပေး ထုတ်ပြန်လိုက်ပါတယ်။