ထိုင်း-မြန်မာနယ်စပ် KNU ဌာနချုပ်အနီးက စစ်ကောင်စီ ခလယ့်ဒေး စစ်တပ်စခန်းကို KNU လက်အောက်ခံ KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ် အနီးဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးတပ်စခန်းကို မနေ့က မတ်လ ၂၅ ရက် ညနေပိုင်းမှာ KNLA နဲ့ ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ တိုက်ခိုက်ကာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ခလယ့်ဒေးတပ်စခန်းဟာ လှိုင်းဘွဲ့မြို့နယ်၊ ခလော်ကထိုက် (ရှမ်းရွာသစ်မြို့) အရှေ့ဘက်၊ ထိုင်းနယ်စပ်အနီးမှာ ရှိတာဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်က စစ်ကောင်စီရဲ့ ခလယ်ဒေးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၁၆ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့တဲ့ကြားက စခန်းသိမ်းနိုင်ခဲ့တာလို့လည်း သိရပါတယ်။
အဆိုပါစခန်းအတွင်းကနေ ဆိုင်ကယ် ၅ စီးအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေလည်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး KNU ဘက်က တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
Photo – KNLA တပ်ဖွဲ့၀င်များ (ပုံဟောင်းကို အသုံးပြုထားခြင်းဖြစ်ပါသည်။)
0 Shares:
You May Also Like
Read More

ဂန့်ဂေါမှာ ဆိုင်ကယ် ကယ်ရီသမား အဖမ်းခံရတာကို PDF အလင်းဝင်တယ်ဆိုပြီး စစ်အုပ်စု တမင်ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ဂန့်​ဂေါမြို့နယ်အတွင်း စတားလင့် ၆လုံးနဲ့အတူ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားကယ်ရီသမားရဲ့သတင်းကို PDF တပ်ဖွဲ့ဝင် ၁ ယောက် အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပုံမှားရိုက် သတင်းထုတ်ပြန်နေကြောင်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

ချက်သမ္မတနိုင်ငံက Peace Foundation တစ်ခုရဲ့ ၁၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို NUG ကိုယ်စားလှယ် တက်ရောက်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်ဟာ စက်တင်ဘာလ ၂၁ ရက်က ချက်သမ္မတနိုင်ငံ ပရာဟာမြို့မှာ Heavenly Culture, World Peace, Restoration of Light (HWPL) -Czech Republic က ကြီးမှူးကျင်းပတဲ့ Peace Foundation ၁၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ CDM စစ်သားနဲ့ရဲတွေ ကြိုဆို

CDM လုပ်ထားတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှုအပေါ် အထူးပင် ဝမ်းမြောက်စွာ ကြိုဆိုကြတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့အနှံ့ စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်…

ရန်ကုန်မြို့ရဲ အချက်အချာကျတဲ့ နေရာတေီမှာ Youth of Anarchy အဖွဲ့က ပစ်တိုင်းထောင်ရဲ့ " လဲကျလဲ ပြန်ထ " အဓိပ္ပာယ်နဲ့ အာဏာရှင်စနစ်အမြစ်ပျက်သုဉ်းရေးအတွက် နည်းမျိုးစုံ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်ရဲဖက်မယတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပစ်တိုင်းထောင်သပိတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုမှာ ဝိုင်းဝန်းကူညီဆောင်ရွက်မယ်လို့ NUG နဲ့ K2C ကထုတ်ပြန်

မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားမှုကို ဝိုင်းဝန်းအကောင်အထည်ဖော် ကူညီဆောင်ရွက်ပေးမယ်လို့ NUG နဲ့ K2C(KNU၊ KNPP၊ CNF)တို့ က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်ရှိ မီးဘေးသင့်ပြည်သူတွေအတွက် အခြေခံစားနပ်ရိက္ခာတွေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း မီးဘေးသင့်ပြည်သူတွေကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)/ ကျောင်းသားလက်ရုံးတပ်တော်က အခြေခံစားနပ်ရိက္ခာတွေနဲ့ တကိုယ်ရည်သုံးပစ္စည်းတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။