မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်သားသစ်ဖြည့်တင်းမှုနဲ့ ပြည်သူ့စစ်ဖွဲ့မှုတွေကနေ ထွက်ပြေးလာတဲ့ စစ်ရှောင် အရပ်သားတွေအတွက် အကူအညီ​ အထောက်အပံ့တွေလိုအပ်နေကြောင်း ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ကျောမြို့အခြေစိုက်၊ ကပစ ၂၃ တပ်သိမ်းနယ်မြေအတွင်းမှာရှိတဲ့ ကန့်သတ်ရွာနဲ့ ကျဲရွာတို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ပြည်သူ့စစ်ဖွဲ့၊ လက်နက်တပ်ဆင်ပေးဖို့ ကြိုးစားတာကြောင့် အရပ်သားတွေဟာ NUG လက်အောက်ခံ၊ ကျောတိုက်နယ် အုပ်ချုပ်ရေးစိုးမိုးရာနယ်မြေအတွင်း ထွက်ပြေးလိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

“စစ်ရှောင်ရတာတော့ မဟုတ်ဘူးဗျ။ အဲရွာတွေက ကပစ ၂၃ ရဲ့ တပ်သိမ်းနယ်မြေထဲ ပါတယ်။အာဏာသိမ်းပြီးချင်း စစ်မှုထမ်းဥပဒေ မထွက်ခင်ကတည်းက သူတို့ကို ပျူစောထီးလုပ်ရမယ်။ ပြည်သူ့စစ်လုပ်ရမယ်ပြောလို့ ရှောင်လာကြတဲ့သူတွေပါ” လို့ ကျောတိုက်နယ် ပအဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ပြီးခဲ့တဲ့၂၀၀၈ ခုနှစ်မတိုင်ခင်ကတည်းက အမှတ်(၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံအတွက် ကျဲ၊ နူန်းကြီးနဲ့ ကန့်သတ်ရွာတွေမှာရှိတဲ့ လယ်ယာမြေတွေကို လျော်ကြေးအနည်းငယ်ပေး သိမ်းယူရင်း မြေ​ပုံထဲကနေထုတ်ပယ်ခဲ့ကြောင်း၊ အထက်ပါ ကျေးရွာတွေဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အာဏာရစဥ်ကာလနဲ့ မဲဆွယ်ကာလတွေမှာ အားကြိုးမာန်တက် ပါဝင်ခဲ့တာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဖိနှိပ်ခံခဲ့ရကြောင်း သိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက အထက်ပါကျေးရွာတွေကို စစ်သင်တန်းတက်ရောက်ဖို့နဲ့ ပြည်သူ့စစ်ဖွဲ့ဖို့အတွက် ကြိုးစားလာတာကြောင့် အရပ်သားတွေ အခုလို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာလို့လည်း ကျောတိုက်နယ် ပအဖ တာဝန်ရှိသူ​က ပြောပါတယ်။

“ရွာလုံးကျွတ် ထွက်လာကြတာတော့ မဟုတ်ဘူး။  အိမ်ထောင်စု ၅၈ ခွဲစုရှိတယ်။ လူဦးရေ  ၁၈၀ ဝန်းကျင်လောက်ရှိမယ်။ ကန့်သတ်ရွာက အများဆုံးပါ။ ကျဲရွာက အိမ်ထောင်တစ်စုလောက်ပဲ ပါမယ်။ ကျောတိုက်နယ်နဲ့ စစ်ကိုင်းနယ်မှာ ခွဲနေကြပြီးပညာရေး၊ ကျန်းမာရေးကအစ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေပါတယ်။ ပြည့်တော့မပြည့်စုံဘူးပေါ့။ သတ်မှတ်ပေးထားတဲ့ နေရာလေးတွေမှာ တဲလေးတွေ ထိုးနေကြတာပါ” လို့ ကျောတိုက်နယ်ပအဖ တာဝန်ရှိသူက ပြောပါတယ်။

ဒီလိုမျိုးစစ်ရှောင်သွားတဲ့ အရပ်သားတွေရဲ့နေအိမ်တွေကို ပြည်သူ့စစ်ခေါင်းဆောင် ညိုဝင်းနဲ့ ခင်ဇော် ဆိုသူတို့က ဖျက်ဆီးရောင်းစားတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

“ဒီလူတွေက လက်နက်ကိုင်ရတယ်။ ရွာမှာသူတို့ပဲအော်ကြက် စစ်တပ်နဲ့ပေါင်းပြီး အလုပ်လုပ်တယ်။စစ်တပ်ကို ထောက်ပို့တယ်။ စစ်ရှောင်တွေအိမ်က ပစ္စည်းတွေ အကုန်ယူတယ်။ မဖျက်တဲ့အိမ်​​တွေကသွပ်တွေပါ ခွာယူတယ်။ စစ်တပ်နဲ့ပေါင်းပြီး အိမ်တိုင်တွေဖျက်ပြီးတော့ကို ဖြိုတာဗျ။ ပြီးတော့ရောင်းစားတယ် စစ်တပ်ခိုင်းတာ အကုန်လုပ်တယ်။” လို့ ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ဘေးရှောင်နေသူတွေဟာ အလှူရှင်တွေရဲ့ထောက်ပံ့မှုနဲ့သာ စားသောက်နေကြရတာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေရှိလာတယ်လို့လည်း သိရပါတယ်။

“အချိန်တွေကြာလာတာနဲ့အမျှ ကူနေရတဲ့ရွာတွေလည်း မောလာပါပြီ။ အဲဒါကြောင့် ပြင်ပကအလှူရှင်တွေကို မျှော်လင့်ကြရတာပါဗျ။ သားသမီးရှိတာတွေက တော်လှန်ရေးတပ်ဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်နေကြတော့ ပိုပြီးခက်ခဲပါတယ်ဗျ။ လိုအပ်တာတွေ များပေမယ့် ရိက္ခာအတွက် ဖူလုံရင်ကို ဝမ်းသာလှပါပြီ။ ဝိုင်းဝန်းပြီး တတ်နိုင်သလောက် လှူပေးကြပါအုံးလို့ ပြောချင်ပါတယ်ဗျ။” လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်း တည်ရှိတဲ့ ကျောတိုက်နယ်ဟာ ပုလဲ၊ ပုံတောင်ပုံညာ ထီးလင်းမြို့တွေနဲ့ ထိစပ်နေသလို ကပစ ၂၃လည်း တည်ရှိနေတာ ဖြစ်ပါတယ်။


စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများအား တွေ့ရစဥ် (ဓာတ်ပုံ ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကလေးငယ်အပါ စစ်ဘေးရှောင်ပြည်သူ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကလေးငယ်အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၄ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Arakan Princess Media နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ဒုတပ်ကြပ်တစ်ဦး KPLA ထံ လက်နက်နဲ့ အလင်းဝင်

မန္တလေးတိုင်း၊ မိတ္ထိလာမြို့နယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း ရထပ (၁) က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ တပ်ရင်း ၉၄၂၅ (KPLA -B 9425) က ထုတ်ပြန်ထားပါတယ်။
Read More

NUG အစိုးရက ၎င်းတို့ရဲ့ အားနည်းချက်တွေကို နည်းသထက်နည်းအောင် ကြိုးစားမယ်လို့ ကတိပြု

NUG အစိုးရအနေနဲ့ ၎င်းတို့ဘက်က အားနည်းချက်တွေကို နည်းသထက်နည်းအောင်ကြိုးစားနေပြီး ပြည်သူလူထုရဲ့ အသံကို အချိန်မရွေးနားထောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီ သမ္မတဖြစ်သူ  ဒူဝါလရှီးလက ပြောပါတယ်။ 
Read More

အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၂ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နယ်ကအိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ သေဆုံးသူအရေအတွက် ၂၂ယောက်အထိ ရှိလာပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ထာ၀ရငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းစေလိုတဲ့ ရည်ရွယ်ချက်သာရှိတယ်လို့ မင်းအောင်လှိုင် စိတ်ထဲကမပါဘဲ ပြော

နိုင်ငံတစ်ဝန်းမှာ  လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ထာ၀ရ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းစေလိုတဲ့ ရည်ရွယ်ချက်သာရှိတယ်လို့ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။  
Read More

ဥသျှစ်ပင်မြို့နှင့် နီးကပ်နေသည့် ရခိုင်ရိုးမပေါ် တောင်ပုံကြီးစစ်ကောင်စီစခန်းကို AA တိုက်ခိုက်နေ

တောင်ကုတ်မြို့ကို ထိန်းချုပ်ထားတဲ့ AA က ပဲခူးတိုင်းအနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နဲ့ နီးစပ်နေတဲ့ ရခိုင်ရိုးမပေါ်က တောင်ပုံကြီးစခန်းကို တိုက်ခိုက်နေလို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။