သီပေါမြို့မှာ စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ရာ ​ဒေသခံတစ်ယောက် သေဆုံး…
စက်တင်ဘာ ၁၆ ၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၅၀) ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်နေရာ ဒေသခံ ၁ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းမှာ တစ်နာရီအတွင်း Y-12 လေယာဥ်နဲ့ ဗုံးအလုံး(၅၀)ကျော် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ရာ သီပေါမြို့ အနောက်ရပ် ရပ်ကွက်နဲ စင်မာလာပြည်သူ့ဥယျာဥ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ရပ်ကွက်အတွင်း ဗုံးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် အဲ့ဒီရပ်ကွက်ရှိ လူနေအိမ်တွေ ပျက်စီးခဲတဲ့အပြင် ဒေသခံတစ်ယောက် ဗုံးစမှန်သေဆုံးခဲ့ရပြီး တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ(၁၅)ရက် မနေ့က ညပိုင်းမှာလည်း စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်စခန်းက လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့ရာ သီပေါမြို့ ဇတ်စုရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ဦးတည်ကာ လေကြောင်းနဲ့ လိုက်လံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရသူအများအပြားရှိသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနဲ့ ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု အများအပြားရှိတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အကြမ်းဖက်ဇော်မင်းထွန်းရဲ့ တူတော်စပ်သူလို့ သတင်းထွက်ပေါ်နေတဲ့ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို အသေဖမ်းမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြမ်းဖက်ဇော်မင်းထွန်းရဲ့ တူတော်စပ်သူ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို တော်လှန်ရေးတပ်တွေ လိုက်လံပစ်ခတ်ရာ အသေဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မှော်ဘီ ရဲတပ်ရင်းက ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆု ချီးမြှင့်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတပ်ရင်း (၅) က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဝေါနယ်က ဒေသခံတွေကို စစ်အုပ်စုက ရွေးကောက်ပွဲမှာ မဲပေးဖို့ အဓမ္မဖိအားပေး

ပဲခူးတိုင်း၊ ဝေါမြို့နယ်က ဒေသခံတွေကို စစ်ကော်မရှင်တပ်သားတွေက ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးဖို့အတွက် အဓမ္မဖိအားပေးတာမျိုးတွေရှိနေတယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိ ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ စစ်ကော်မရှင်တပ်သား၂၀ ဝန်းကျင်ဟာ ဝေါမြို့နယ်ထဲက ဖိုးဦးစိန်ရွာ ထဲကို ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက်ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ပြီး တစ်အိမ်တစ်ယောက် မဖြစ်မနေ အစည်းဝေးတက်ရမယ်လို့ စေခိုင်းခဲ့ပါတယ်။
Read More

စေတုတ္ထရာတွင် ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်နေသည့် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီအတွက် စစ်မှုထမ်း လူရှာပေးရင်း ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်ဆောင်နေတဲ့ ရပ်ကွက်အာဏာပိုင်တွေကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်၊ အရာရှိ တစ်ဦးအပါ စစ်တပ်က ၁၅ ဦး သေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးက အကြမ်းဖက်စစ်‌ကောင်စီ စခန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက် သေဆုံးခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်အထိနာကာ ပေါင် ၅၀၀ ဗုံးများ ကြဲချ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ KNLA တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။