အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ မတ် ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း နဲ့  မြန်မာလူထုတွေ့ဆုံပွဲမှာ ကင်မ်အဲရစ် တီးခတ်ခဲ့တဲ့ ဂစ်တာကို အမေရိကန်ဒေါ်လာ ၈၈၈၈ ဒေါ်လာနဲ့ အမြင့်ဆုံး ဈေးပေးပြီး လေလံ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

“ဂီတဟာ ကျွန်တော့်ကို အမြဲစိတ်ပျော်ရွှင်စေပြီး နွေးထွေးစေတယ်။ နွေးထွေးကူညီတဲ့ မေရီလန်းက မြန်မာမိသားစုတွေရယ် ဂီတရယ်က ကျွန်တော်ရဲ့ ဝါရှင်တန်ဒီစီ ခရီးစဉ်ကို အဓိပ္ပာယ်ပိုပြီး ပြည့်စုံစေပြီး အားဖြစ်စေခဲ့တယ်။ ပိုပြီးဝမ်းသာပျော်ရွှင်ရတာက ကျွန်တော်တီးတဲ့ ဂစ်တာကို ဒေါ်လာ ၈၈၈၈၊ မေမေနဲ့ ကျွန်တော်ရဲ့ ပုံတူပန်းချီကားကို ဒေါ်လာ ၇၀၀၀၊ မေမေ့ရဲ့ မွေးနေ့ ပြက္ခဒိန်ကို ဒေါ်လာ ၁၇၀၀နဲ့ အသီးသီး လေလံ အောင်မြင်ခဲ့ပါတယ်” လို့ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းနဲ့ မြန်မာလူထုတွေ့ဆုံပွဲမှာ ရံပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၄ သောင်းကျော်အထိ ရရှိခဲ့ပြီး ရရှိလာတဲ့ ရံပုံငွေတွေကို မြန်မာနိုင်ငံအတွင်း လိုအပ်နေတဲ့ နေရာတွေကို ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကင်မ်အဲရစ် တီးခတ်ခဲ့တဲ့ ဂစ်တာကိုလည်း မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ ကိုရင်အေးနဲ့ မနီလာမြင့်တို့က အမေရိကန်ဒေါ်လာ ၈၈၈၈ အမြင့်ဆုံးဈေးနှုန်းပေးပြီး လေလံအောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရံပုံငွေပွဲမှာ ဂစ်တာအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကင်မ်အဲရစ်တို့ရဲ့ သားအမိ ၂ ယောက် ပုံတူပန်းချီက ဒေါ်လာ ၇၀၀၀၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် ကင်မ်အဲရစ် စီစဉ်တဲ့ ပြက္ခဒိန်က ဒေါ်လာ ၁၇၀၀ လေလံရရှိခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၄၀၀၀ နီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ပရောဂျက်တွေအတွက် ရက်ရောတဲ့ လှူဒါန်းမှုတွေပါ။ လိုအပ်နေတဲ့ဒေသတွေက မြန်မာပြည်သူတွေအတွက် ကျွန်တော့်ရဲ့ဝမ်းသာမှုက ဖော်မပြတတ်အောင်ပါပဲ” လို့ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က ပြောပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး သေ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကံသုံးဆင့်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ယောက် သေဆုံးပြီး စစ်အသုံးအဆောင် ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆၊ ဧရာညီနောင်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတချို့ကို စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူပိုင်နေအိမ်တချို့မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု အမျိုးသမီး (၂)ဦးသေဆုံး အမျိုးသား (၁)ဦး ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ရာ အမျိုးသမီး (၂) ယောက် သေဆုံးပြီး အမျိုးသား (၁) ယောက် ဒဏ်ရာရခဲ့တယ်လို့ Kawlin People Defence Force က ထုတ်ပြန်ပါတယ်။
Read More

အရှိုချင်း ကာကွယ်ရေးတပ်မှာ တာ၀န်ထမ်းဆောင်ဖို့ တပ်သားသစ်တွေ ခေါ်ယူ

အရှိုချင်းကာကွယ်ရေးတပ်(ACDF) ကနေ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၆) အတွက် သင်တန်းသား အသစ်တွေ ခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနဲ့ တရုတ်ပေါင်းပြီး လိမ်လည်ဂိုဏ်းတွေ တိုက်ဖျက်ဖို့ ဘန်ကောက်နဲ့ မဲဆောက်မှာ ရုံးဖွင့်မယ်

မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ်တလျှောက်မှာ တရားမဝင် တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ အလျင်အမြန် တိုးပွားလာမှုကို တိုက်ဖျက်ဖို့ ထိုင်းနဲ့ တရုတ်အစိုးရတို့ပေါင်းပြီး ညှိနှိုင်းရေးရုံးတွေ ဖွင့်လှစ်သွားမယ်လို့ Reuters က သတင်းဖော်ပြပါတယ်။
Read More

ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်သားများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းထဲ ဝင်ပြေး

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း ထံက သိရပါတယ်။