တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်ဝရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၂ ရက် နေ့လယ်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဘုရားအဝင်မုဒ်ဝမှာ ယာယီတပ်စွဲထားပြီး ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်နေတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ ယောက် သေခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ ဒူရကစစ်ကြောင်း ဦးဆောင်မှုနဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ ဝယ်ယူထားတဲ့ ဒရုန်းတွေ စမ်းသပ်မှုပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက် ခိုက်ဖို့ ဒရုန်းတွေ ဝယ်ယူပြီး စမ်းသပ်မှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့ ဓားမဆိုင်းတပ်ရင်း ၂၈ ထံက သိရပါတယ်။
Read More

ပဲခူးတိုင်းရှိ PDF စိုးမိုးနယ်မြေအတွင်း ငလျင်ဒဏ်သင့် ပြည်သူများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေး (ရုပ်/သံ)

ပဲခူးတိုင်းရှိ PDF စိုးမိုးနယ်မြေတွေအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူပိုင်နေအိမ်တွေနဲ့ အပျက်အစီးတွေ၊ လိုအပ်ချက်တွေကို နေ့စဉ်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးလျက်ရှိတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်မြို့နယ် မှော်တောင် ဆန်းကြွယ်ရွာမှာ စစ်ကော်မရှင်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်တောင်း၊ ဆန်းကြွယ်ရွာမှာ စစ်ကော်မရှင်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေထံက သိရပါတယ်။
Read More

တောင်တန်း၊ မြေပြန့်မှ တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေသည့် Myingyan Black Tiger (ရုပ်/သံ)

တောင်တန်း၊ မြေပြန့်က တိုင်းရင်းသား EROs တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို စစ်မျက်နှာပြင်များစွာ ဖြန့်ကျက်ပြီး တိုက်ခိုက်လျက်ရှိတယ်လို့ Myingyan Black Tiger က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ခမရ ၅၉၈ စခန်းသိမ်းတိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြသည့် အထူးချေမှုန်းရေးတပ်ဖွဲ့ – ရန်ကုန်တိုင်းစစ်ဌာန ရဲဘော်များ၏ မှတ်တမ်းရုပ်သံ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ အနီးရှိ ခမရ ၅၉၈ ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြတဲ့ အထူးချေမှုန်းရေးတပ်ဖွဲ့ ရဲဘော်တွေရဲ့ တိုက်ပွဲဝင်မှတ်တမ်းရုပ်သံကို ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တိုက်ပွဲဖြစ်ကာ စစ်သားအများအပြား သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ရက် ၂၀ ကြာ တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။