ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၈၀၅) တပ်ရင်း၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် ထနောင်းစစ်ကြောင်း တပ်ခွဲ ၁ က ဒုတပ်ခွဲမှူး ရဲဘော်ငတေရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

အသက် ၂၁ နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ရဲဘော် ငတေ ဟာ မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရင်း မတ်လ ၂၂ ရက်မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ရဲဘော်ငတေဟာ အမှတ်(၈၀၅)တပ်ရင်းရဲ့ အပတ်စဥ် (၂) အခြေခံစစ်သင်တန်း ပြီးမြောက်ပြီးနောက် (၂)နှစ်ခွဲကျော် ကျရာတာဝန်တွေ ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့တဲ့ စံပြရဲဘော်ကောင်းတစ်ယောက် ဖြစ်တယ်လို့ နေပြည်တော် PDF က ဆိုပါတယ်။

ဂုဏ်ရောင်ထွန်းပြောင်စွာကျဆုံးသွားတဲ့ ရဲဘော်ငတေအတွက် ကျန်ရစ်သူမိသားစုနဲ့ ထပ်တူဝမ်းနည်းဦးညွှတ်ဂုဏ်ယူမိသလို ရဲဘော်ငတေနဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေကိုယ်စား နေပြည်တော် PDF ၊ တပ်ရင်း(၈၀၅) အနေနဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ပိုမိုကြိုးစား တာဝန်ထမ်းဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဇုန် ၃ က ထုတ်ပြန်ထားပါတယ်။
Read More

TNLA အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲ ပြုလုပ်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာမှာ နိုဝင်ဘာ (၉)ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

Chinland အစိုးရတပ်ဖွဲ့ စစ်ကြောင်းများ အကြမ်းဖက်စစ်တပ် အင်အား ၅၀ ကျော်ကို ထပ်မံချေမှုန်း

Chinland အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁)၊ စစ်ကြောင်း (၂) နဲ့ အကြမ်းဖက်စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ဆက် လက် ဖြစ်ပွားနေပြီး တော်လှန်ရေးမဟာမိတ်အင်အားစုတွေက စစ်အုပ်စုတပ်ဖွဲ့ဝင် ၅၀ ကျော်ကို ထပ်မံချေမှုန်း သုတ်သင်နိုင်ခဲ့တယ်လို့ Chinland ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက MNDAA ထိန်းချုပ်ထားတဲ့မြို့တွေကို ၃ လအတွင်း ၂၅ ကြိမ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၃၀ ကျော်သေဆုံးခဲ့ရ

ရှမ်းမြောက်ဒေသက MNDAA ထိန်းချုပ်သိမ်းပိုက်ထားတဲ့ မြို့တွေကို စစ်ကောင်စီက ၃ လ အတွင်း လေကြောင်းကနေ ၂၅ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးခဲ့ရကြောင်း MNDAA က အသိပေး ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံး၊ (၃) ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရကာ လူနေအိမ် (၃)လုံးနဲ့ ကား (၁)စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းလုပ်သား နှစ်သိန်းကျော် တရားမဝင် လုပ်သားများအဖြစ် လုပ်ကိုင်နေကြောင်း ရက် ၁၂၀ စီမံချက်အတွင်း စစ်ဆေးတွေ့ရှိခဲ့ဟုဆို

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။