ထိုင်းအစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်တပ်ထံ ပြန်မပို့ဘဲ NUG ၊ CRPH နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးဖို့ CRPH နဲ့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။

မတ်လ ၂၂ ရက်နေ့ကစလို့ ထိုင်းအောက်လွှတ်တော်မှာ ၂ရက်တာ ပြုလုပ်ခဲ့တဲ့ “ထိုင်းနိုင်ငံ၏ နယ်စပ်တစ်လျှောက်၌ လုံခြုံရေး မြှင့်တင်ခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အခန်းကဏ္ဍ” ဆွေးနွေးပွဲမှာ ထိုင်းအစိုးရကို တိုက်တွန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံအစိုးရက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်တပ်ထံသို့ ပြန်လည်ပို့ဆောင်နေမှုဟာ သူတို့ရဲ့ လူ့အခွင့်အရေးကိုသာမက အသက်အန္တရာယ်ကိုပါ စိုးရိမ်ရစေတယ်လို့လည်း ဆိုပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီထံ ပြန်လည်ပို့ဆောင်နေမှုကို ချက်ချင်းရပ်တန့်ပေးဖို့၊ မဖြစ်မနေပြန်ပို့ဖို့ လိုအပ်ရင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ နဲ့ တိုင်းရင်သားအဖွဲ့အစည်းတွေထံကိုသာ လွှဲပြောင်းပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် CRPH အဖွဲ့ဝင်များ (ဓာတ်ပုံ CRPH)

ထိုင်းအစိုးရက တရားမဝင် မြန်မာလုပ်သားတွေကို ပြန်လည်ပို့ဆောင်စဉ် စစ်ကောင်စီဟာ တရားဥပဒေအတိုင်း ကျင့်သုံးဆောင်ရွက်ခြင်းမရှိဘဲ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာမျိုးတွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။

(၂) ရက်တာဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေမြန်မာရွှေ့ပြောင်းနေထိုင်သူတွေအရေးကိစ္စ၊ နယ်စပ်ဖြတ်ကျော်မှုခင်းကိစ္စ၊ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လုံခြုံရေးကိစ္စနဲ့  အကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောငရွေးကောက်ပွဲအပေါ် သဘောထားအမြင်တွေကိုဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ  ထိုင်းနိုင်ငံရဲ့ လွှတ်တော်အမတ်တွေနဲ့လည်း သီးခြားစီတွေ့ဆုံပြီး မြန်မာ့အရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။

 

0 Shares:
You May Also Like
Read More

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ထိုင်းဘက်မှ စတင်ခြင်းမဟုတ် ဟု ထိုင်းသံရုံးထုတ်ပြန်

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ပြဿနာနဲ့ ပစ်ခတ်မှုတွေမှာ ထိုင်းနိုင်ငံဘက်က စတင်ခြင်းမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထိုင်းတောင်ပိုင်းရေကြီးမှုကြောင့် CI ပျောက်ဆုံး၊ ပျက်စီးပါက နီးစပ်ရာစခန်းများတွင် သွားရောက်လျှောက်ထားနိုင်ဟု ဆို

ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းဒေသ အနီးတဝိုက်ရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ Certificate of identity- CI ပျောက်ဆုံး ပျက်စီးတာနဲ့ ငွေပေးသွင်းထားပြီး ပြုလုပ်ဖို့ ကျန်ရှိနေရင် နီးစပ်ရာ ဘယ် CI စခန်း မှာမဆို သွားရောက်လျှောက်ထားနိုင်တယ်လို့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

မတရား ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို လွှတ်ပေးပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်လျှောက်လှမ်းဖို့ နိုင်ငံပေါင်း ၉ နိုင်ငံ တောင်းဆို

အရေးပါတဲ့သူတွေ အားလုံးပါဝင်ပြီး စစ်မှန်၊ မျှတ၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုးနဲ့  မြန်မာ့အရေးကို ငြိမ်းချမ်းစွာဖြေရှင်းဖို့  အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၉နိုင်ငံက ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
Read More

ARSA ခေါင်းဆောင်တစ်ဦးနှင့် နောက်ထပ် သံသယရှိသူ ၉ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ ဖမ်းဆီး

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ရဲ့ ထိပ်တန်းခေါင်းဆောင် Ataullah Abu Ammar Jununi နဲ့ အဖွဲ့ဝင်တွေအဖြစ် သံသယရှိသူ နောက်ထပ် ၉ ယောက်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း မတ်လ ၁၈ ရက်က Dhaka Tribune သတင်းမှာ ဖော်ပြပါတယ်။ 
Read More

ရွေးကောက်ပွဲ အကြောင်းပြ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေ မြန်မာပြည်လာရောက်မယ်ဆိုခြင်းဟာ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းဟု NUCC ထုတ်ပြန်

မြန်မာပြည်က ရွေးကောက်ပွဲကိုလာရောက်လေ့လာမယ့် ရုရှားနိုင်ငံက အဖွဲ့တွေကို လုံခြုံရေးပေးဖို့ လက်နက်ကိုင်လုံခြုံရေးတပ်သားများစေလွှတ်ခြင်းဟာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
Read More

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကိစ္စ အပြည်ပြည်ဆိုင်ရာတရားရုံးက ဇန်နဝါရီလမှာကြားနာမည်

ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုထားထားတဲ့အမှုကို ဇန်နဝါရီလ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာစစ်ဆေးသွားမယ်လို့ ဒီဇင်ဘာလ ၁၉ ရက် သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီတရားစွဲဆိုမှုဟာ ဆယ်စုနှစ်တခုကျော်အတွင်း ICJ က စံနှုန်းပိုင်းဆိုင်ရာ ပထမဆုံးအကြိမ် ကြားနာမဲ့ လူမျိုးတုံးသတ်ဖြတ်တဲ့အမှုဖြစ်တာကြောင့် ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးအပေါ် တောင်အာဖရိကက တရားစွဲဆိုထားတဲ့ အမှုအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တဲ့ စံနမူနာတွေ ဖြစ်လာဖွယ်ရှိပါတယ်။