အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက စီစဉ်ပြုလုပ်ပြီး ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်းတွေ ပါဝင်‌တဲ့ “နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၅”ကို အင်ချွန်းမြို့၊ ဘူဖျောင်းမြို့နယ်ရုံးမှာ မတ်လ ၂၃ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အွန်လိုင်းကနေ အဖွင့်အမှာစကား ပြောကြားခဲ့ရာ တော်လှန်ရေးအင်အားစုတွေကြား နားလည်မှုရယူဖို့နဲ့ အဖွဲ့အစည်းတွေရဲ့ အသံကို စုစည်းနိုင်အောင် ဆောင်ရွက်မှုအတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးအယူအဆနဲ့ ဆွေးနွေးမှုတွေက အရေးကြီးပြီး ဆွေးနွေးမှုတွေကနေ တော်လှန်ရေးအတွက် အပြုသဘောဆောင်တဲ့ အချက်တွေ ဖော်ထုတ်ဖို့ လိုအပ်ကြောင်း ဒေါ်ဇင်မာအောင်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကိုရီးယားဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကလည်း အခုအချိန်မှာ အားလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြဖို့၊ ရန်သူ့ဘက်က စိမ့်ဝင်ထိုးဖောက်မှုတွေကို သတိပြုကာကွယ်ကြဖို့ အရေးကြီးသလို လမ်းကြောင်း လွဲမသွားကြစေဖို့အတွက် အခုလို ဆွေးနွေးပွဲတွေ ပြုလုပ်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ NUG ကိုယ်စားလှယ်ရုံးက “အဓိကနိုင်ငံရေးအင်အားစုများ၏ ရည်မှန်းချက်၊ လားရာနှင့် ဖြစ်တန်ရာခြေ” စာတမ်း၊ “မြန်မာနိုင်ငံအခြေအနေနှင့် နိုင်ငံတကာ၏ ဆက်ဆံရေး၊ သက်ရောက်မှု၊ အလားအလာ” စာတမ်း နှစ်စောင်ကို တင်ပြပြီး တက်ရောက်လာသူတွေက အကြံပြု မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

NLD-OC ကိုရီးယားက “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် စံပြုဖက်ဒရယ်အခြေခံဥပဒေ နှိုင်းယှဉ်ဆွေးနွေးချက်”၊ MFDMC အဖွဲ့က “ပသုံးလုံး ပြဿနာများအပေါ် အပြုသဘောဆောင် အကြံပြုဆွေးနွေးချက်”၊ GMSR Korea က “စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်ပရောက်နိုင်ငံသားများအပေါ် ရိုက်ခတ်လာနိုင်မှု နှင့် တုံ့ပြန်မှု အခြေအနေ ဆွေးနွေးချက်”၊ Chin Youth Organization (CYOSK) က “နွေဦးတော်လှန်ရေး ၄-နှစ်တာကာလအတွင်း ချင်းပြည်နယ်၏ တော်လှန်ရေးခရီး” စာတမ်းတွေကို တင်ပြခဲ့ပြီး အပြန်အလှန် မေးဖြေ အကြံပြု ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဆွေးနွေးချက်တွေနဲ့ အကြံပြုချက်တွေကို စုစည်းပြီး “နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၅” ရလဒ်တွေအဖြစ် NUG အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ၊ MFDMC, NLD-OC, Rise Again Myanmar, ဂင်မဲနွေဦးတော်လှန်ရေးအဖွဲ့၊ အသောကသုခအဖွဲ့၊ ကလေးကဘော်ညီအစ်ကိုများ၊ ဂွမ်ဂျူးလူမှုရေးအသင်း၊ GMSR Korea, CYOSK, Kachin Community Korea, KYO ကရင်လူငယ်အဖွဲ့၊ ခရမ်းထောက်ပို့အဖွဲ့၊ Photographer Supporting Korea အဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိစေရေး ထောက်ခံဆန္ဒပြပွဲ တောင်ကိုးရီးယားတွင် ကျင်းပပြုလုပ်

တောင်ကိုးရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ‌ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိစေရေးအတွက် ထောက်ခံဆန္ဒပြပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ တောင်ကိုးရီးယားနိုင်ငံ တော်လှန်ပြည်သူတွေထံက သိရပါတယ်။
Read More

ဘန်ကောက်မြို့လယ်စျေးတွင် ပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ချာထူချက် စျေးမှာ ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကတော့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှ “ပွင့်လန်းပါစေ မြန်မာပြည်” ဓာတ်ပုံပြပွဲ

“ကိုးရီးယားမှာလည်း ၁၉၈၇ ဇွန်လမှာ ကျောင်းသားအရေးခင်း တခုရှိခဲ့ပါတယ်။ အဲ့ဒီအထိန်းအမှတ်အနေနဲ့ စီစဉ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ကိုးရီးယားနိုင်ငံမှာလည်း ကျွန်တော်တို့ နိုင်ငံလို ဒီမိုကရေစီ ခရီးကြမ်းရှိခဲ့တယ်ဆိုတာကို လက်ရှိ တောင်ကိုးရီးယားနိုင်ငံသားတွေ သိရှိအောင်…. ပြီးတော့ ကိုရီးယားကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ ပြည်တွင်းအခြေအနေတွေကို သွေးမအေးသွားအောင် ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” လို့ MFDMC အတွင်းရေးမှူးကိုလင်းအိမ် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကမ္ဘာလုံးဆိုင်ရာ All in One Piece Movement တွင် ပါဝင်သူများကို ကျေးဇူတင်ကြောင်း ကိုထိန်လင်းပြော

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All in One Piece Movement မှာ ပါဝင်သူတွေကို ကျေးဇူးတင်ကြောင်း ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် ပြော

လာအိုမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေအတွင်း မြန်မာ့အရေးပြဿနာဟာ ခေါင်းစဉ်ကြီးတရပ်ဖြစ်ခဲ့တဲ့အလျှောက် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ ထိုင်းဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးဖွင့်ပွဲနေ့မှာ တောင်းဆိုခဲ့ပါတယ်။
Read More

ဒေသတွင်း နျူကလီးယားကင်းစင်ရေး တရုတ် လက်မှတ်ထိုးမည်ဟု မလေးရှားပြော

အရှေ့တောင်အာရှ ဒေသတွင်းမှာ နျူကလီးယားလက်နက် တားမြစ်ရေး သဘောတူစာချုပ်ကို စာရွက်စာတမ်းအားလုံး အသင့်ဖြစ်တာနဲ့ တရုတ်ဘက်က လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။