အဓမ္မစစ်မှုထမ်းဖို့ စုဆောင်းခြင်းခံရတဲ့ စစ်ကောင်စီ တပ်သားတစ်ဦး ဟာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ် အမှတ် (၁၀၀၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက် စစ်တပ်က အဓမ္မစစ်မှုထမ်း တပ်သားတစ်ဦး  လက်နက်ကိုယူဆောင်လာပြီး ပြည်သူ့ရင်ခွင်ထံခိုလှုံလာခြင်းဖြစ်ပါတယ်။

မိုးဗြဲဒေသမှာ တိုက်ပွဲပြင်းထန် နေတဲ့ မတ်လ ၂၃ ရက်က MA 1 သေနတ်နဲ့  အတူ မိုးဗြဲ ပြည်သူ့ ကာကွယ်ရေးတပ်၊ လင်းယုန်တပ်ခွဲထံ ခိုလှုံခဲ့တာလို့ ဖော်ပြထားပါတယ်။

တစ်ဆက်တည်းမှာပဲ အလင်းဝင်လာတဲ့ တပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ပြီး ဘေးကင်း လုံခြုံတဲ့ ထိန်းသိမ်းရေးဌာနကို လွှဲပြောင်းပေးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မတ်လအတွင်း မိုးဗြဲဒေသမှာ စစ်ရေးပိုပြီးပြင်းထန်ကာ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲကြီးငယ်များ နေ့စဉ်ဖြစ်ပွါးလျက်ရှိပါတယ်။

စစ်ကောင်စီဘက်က အထိနာသူများတာကြောင့် ဖယ်ခုံနဲ့ လွိုင်ကော်မှ လက်နက်ကြီးအကူ ၊ လေကြောင်းအကူ အပြင်တိုက်ခိုက်ရေးဒရုန်းတွေနဲ့တိုက်ခိုက်လျက်ရှိပါတယ်။

0 Shares:
You May Also Like
Read More

မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကလေး ၁ ဦးသေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေး ၁ ယောက် သေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်းမြို့တွင်း ကလလတ တပ်ရင်း ၉၄၂၅ ၏ စစ်ရေးလှုပ်ရှားမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့တွင်း စစ်ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA) တပ်ရင်း (၉၄၂၅) က ပြုလုပ်နေတဲ့ Cover Fighter's Projects က မတ်လ (၁၉)ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

MDY-PDF ထိန်းချုပ်ထားတဲ့ မတ္တရာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၇ယောက်သေ၊ စစ်သုံ့ပန်း ၁ယောက်နဲ့ လက်နက်ခဲယမ်းတွေ ရရှိ

မန္တလေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာဒေသထဲက မြို့ကုန်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ စစ်သုံ့ပန်း  ၁ယောက်နဲ့အတူ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း ရရှိခဲ့ကြောင်း MDY-PDF က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ရာ ထိခိုက်မှုတွေ ရှိတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပုလောတွင် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ စစ်အုပ်စုအတွက် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။