စစ်အာဏာသိမ်းမှုကြောင့် နေ့စဉ် အခြေအနေတွေ ဆိုးရွားနေတဲ့ မြန်မာ့အရေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က လွှတ်တော်အဆောက်အအုံမှာ ၂ ရက်တာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ထိုင်း-မြန်မာနယ်စပ် လုံခြုံရေး အခြေအနေတွေကို အဓိက ဆွေးနွေးခဲ့တာဖြစ်ပြီး အကျပ်အတည်းထဲ ကျရောက်နေတဲ့ မြန်မာ့အရေးအတွက် အဖြေရှာနိုင်ဖို့  ဆွေးနွေးမှုတွေလည်း ပါဝင်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ထိုင်းလွှတ်တော်ကော်မတီက စီစဉ်ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ မြန်မာ့လူ့အခွင့်အရေးအဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။

တိုင်းပြည်ရဲ့ သုံးပုံတစ်ပုံခန့်သာ ထိန်းချုပ်နိုင်တဲ့ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောလာခြင်းဟာ စိတ်ကူးယဉ်ခြင်းသာဖြစ်ပြီး စိုးရိမ်ဖွယ် ရာ မတည်ငြိမ်တဲ့ အခြေအနေမှာပြုလုပ်ရင် အန္တရာယ် များနိုင်တယ်ဆိုတဲ့ ကိစ္စရပ်ကိုလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ်အင်ဒရူးက တင်ပြဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အဖွင့်အမှာစကားပြောကြားမှုမှာ မြန်မာနိုင်ငံထဲက စစ်ဘေး ဒုက္ခသည်အရေး၊ စစ်ကောင်စီကို နိုင်ငံတကာမှပိတ်ဆို့အရေးယူမှု၊ အမေရိကန်အစိုးရရဲ့ ထောက်ပံ့ ငွေဖြတ်တောက်မှုကြောင့် ပြည်တွင်းနဲ့ နယ်စပ်ဒေသက ကျန်းမာရေး စောင့်ရှောက်မှုအခက်အခဲ ရင်ဆိုင် နေရတဲ့ အခြေအနေတွေကို တင်ပြခဲ့ပါတယ်။

မြန်မာ့အရေး ဆွေးနွေးခဲ့တဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို  အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဧပြီလထဲမှာ လာရောက်ဖို့လည်း ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ဂုဏ်သိက္ခာမဲ့စွာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်က သိက္ခာရှိတဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်တစ်ရပ် ကျင်းပပေးမယ်လို့ ပြောပြန်

မကြာခင် စစ်တပ်က ကျင်းပပေးတဲ့ ရွေးကောက်ပွဲနဲ့  လွှတ်တော်ဟာ သိက္ခာရှိစေရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပြန်ပါတယ်။
Read More

BPLA မွေးနေ့အခမ်းအနားကို TRI ဗျူဟာမှူး တက်ရောက် ဂုဏ်ပြုစကားပြောကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI ဗျူဟာ) ရဲ့ ဗျူဟာမှူးက အမှတ် (၃၀၈) အညာစစ်ဒေသရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ (၄) နှစ်ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်နှင့်ပေါက်တွင် စစ်ကောင်စီယာဥ်တန်းနှင့် မိုင်းထွက်ရှင်းသည့်စစ်သားများ မိုင်းခွဲတိုက်ခိုက်ခံရ၊ ဒုတပ်ကြပ် ၁ ဦးအပါ ထိခိုက်သေဆုံးသူ များပြား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင် နဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကောင်စီကားတန်းနဲ့ မိုင်းရှင်းတဲ့စစ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်အဆင့်ရှိသူ အပါအဝင်​ ခြေပြတ်လက်ပြတ်နဲ့ ထိခိုက်သေဆုံးတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

မြိုင် စက်မှု (၂) ဘက် ထွက်ခွာလာသည့် စစ်အုပ်စု မိုင်းမိပြီး ထိခိုက်သူများ ရှိ

မကွေးတိုင်း၊ မြိုင် စက်မှု (၂) ဘက်ကို ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိတဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစု၏ အထွေထွေစာအုပ် ၁၀၀ ကျော် ပါဝင်သည့်  ရွေ့လျားစာကြည့်တိုက် 

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ် သပိတ်အင်အားစုအနေနဲ့ ကျောင်းသားလူငယ်တွေနဲ့ တော်လှန်ပြည်သူတွေ လေ့လာဖတ်မှတ်နိုင်စေဖို့ ရည်ရွယ်ပြီး ရွေ့လျားစာကြည့်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
Read More

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘောများကြောင့် မြစ်ဘေးဝဲယာကျေးရွာများ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ် သတိထားနေရ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ကို ဆန်တက်နေတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ ဆက်တက်ဖို့ရှိနေတယ်လို့  Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။