လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင်ဟာ ဒီနေ့ မနက်အစောပိုင်းမှာ ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဒီနေ့ မတ်လ ၂၃ ရက်နေ့ အစောပိုင်းမှာ ပန်းဘဲတန်းမြို့နယ်၊ဗန္ဓုလလမ်း၊ ၂၉လမ်းနှင့်လမ်း ၃၀ကြားရှိ တိတ်ရှိန်ရွှေဆိုင်ကို လူလေးဦးက  ဓားပြတိုက်ခဲ့ခြင်းဖြစ်ပါတယ်။

ဓားပြတိုက်မှုကြောင့် ရွှေထည်တွေပါဝင်သွားပြီး အရေအတွက်အားဖြင့်တော့ အတိအကျ မသိရှိရသေးပါဘူး။

ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်နဲ့ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိနေပြီး အနီး ပတ်ဝန်းကျင်ကို စစ်ဆေးရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေက ရွှေဆိုင်တွေမှာ မကြာခဏ ဓါးပြတိုက်ခံမှုတွေ ဖြစ်ပေါ်နေပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု မရှိရာကို ပြသကြောင်း ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဗဟိုချုပ်ကိုင်မှု လျှော့ချမယ့် ဖက်ဒရယ်အသွင် ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ပြင်ဆင်ရေးဆွဲနေပြီဟု တိုင်းရင်းသားလက်နက်ကိုင် (၉) ဖွဲ့ အသိပေး

“ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး" (Bottom-up Federalism Approach) အခြေခံ ချည်းကပ်မှုနဲ့သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရေး အဓိက လုပ်ဆောင်သွားမယ်လို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၉ ခုက ပူးတွဲကြေညာချက် တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။ 
Read More

စစ်တပ် သတင်းပေး မလုပ်ဖို့ သတိပေးကာ ပြန်လွှတ်ပေးခဲ့သည့် ပျူစောထီး ဒီတစ်ကြိမ် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအကြောင်း စစ်အုပ်စုထံ သတင်းမပေးဖို့ သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတဲ့ ပျူစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံက သိရပါတယ်။
Read More

KNDF အမှတ် ၁၄ တပ်ရင်း၏ အပတ်စဥ် (၆) စစ်သင်တန်းဆင်းပွဲနှင့် ၄ နှစ်ပြည့် မွေးနေ့အခမ်းအနား၊ ၄ နှစ်တာအတွင်း ကျဆုံးအာဇာနည်ရဲဘော် ၁၃ ဦး ရှိခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် ၁၄ တပ်ရင်းရဲ့ အပတ်စဥ် (၆) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ တပ်ရင်း ၄ နှစ်ပြည့် မွေးနေ့အခမ်းအနားကို အောက်တိုဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

မန္တလေးက အိုးဝေသမားတစ်ယောက် လူရော အိုးဝေပါ ပျောက်ဆုံးနေ

မန္တလေးမြို့၊ မဟာအောင်‌မြေမြို့နယ်မှာ နေထိုင်တဲ့ အိုးဝေသမားတစ်ယောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက် ညနေပိုင်းကနေ ဒီနေ့အချိန်ထိ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

အုတ်ဖိုမှာ တော်လှန်ရဲဘော် ၁ ဦးရဲ့ အဖေကို စစ်ကောင်စီ သတ်ဖြတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂွေချောင်းရွာက ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီထဲက ဦးသိန်းသန်းဌေး (၄၁) နှစ် ဆိုသူကို ရိုက်နှက်ကာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တိုက်ပွဲထဲ အရေးပါတဲ့ Lv3 အဆင့် ကျည်ကာပြားတွေ စမ်းသပ်ထုတ်လုပ်ထားတယ်လို့ PDF Kalay – Mine Team ပြော

တိုက်ပွဲထဲ ဝတ်ဆင်ရလွယ်ကူပေါ့ပါးပြီး အနီးကပ်ပစ်ခတ်မှုတွေနဲ့ လက်နက်ကြီးစတွေကနေ ကာကွယ်ပေး​နိုင်တဲ့ Lv3 အဆင့်ကျည်ကာပြားတွေကို စျေးနှုန်းသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်တော့မယ်လို့ PDF Kalay - Mine Team ထံက သိရပါတယ်။