ထိုင်းနိုင်ငံကို အလုပ်သမားတွေ စေလွှတ်မယ့် အေဂျင်စီတွေအနေနဲ့ တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။

၂၀၂၅ ဇန်နဝါရီ ၃၀ ရက် မတိုင်မီက စာချုပ်ချုပ်ဆိုထားတဲ့ အလုပ်ခေါ်စာတွေမှာ လူဦးရေ အယောက်  ၅၀ ထက်ပိုရင် အဲဒီအလုပ်ခေါ်စာတွေကို အယောက် ၅၀ နဲ့ ပြန်လည်ပြင်ဆင်ရမယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို ထွက်ခွါသူတွေများပြားနေတဲ့အတွက် ကန့်သတ်ပိတ်ဆို့မှုတွေကို ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်လျက်ရှိပါတယ်။

အေဂျင်စီတွေအနေနဲ့ စစ်ကောင်စီက အလုပ်သမားစေလွှတ်တဲ့အပေါ် မူဝါဒမျိုးစုံပြောင်းလဲနေတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေပြီး အချို့သော အေဂျင်စီတွေက ရပ်နားထားရမှုတွေလည်း ရှိနေပါတယ်။ 

ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ မလေးရှားနဲ့ အခြားနိုင်ငံ အတွက် စေလွှတ်မယ့် လုပ်သားတွေအတွက် လိုအပ်တဲ့ မူဝါဒတွေကိုလည်း စစ်ကောင်စီက ဆက်လက်ထုတ်ပြန် အသိပေးမယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနား

ပဲခူးတိုင်း၊ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ (၁) နယ်မြေမှာ ဇွန်လ ၂၃ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရပ်စောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက်အတွက် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ လွယ်ဟောင်ရွာအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက် ဆေးကုသမှုအတွက် အကူအညီ လိုအပ်နေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

ရေကြည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၄ ဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လူမဆန်စွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၄ ယောက် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ အာရက္ခမင်းသမီးမီဒီယာနဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

မြောင်မြို့နယ်၊ ပန်းညိုရွာက စာသင်ကျောင်းနှင့် နေအိမ် ၅၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ မြေတော်ရွာကို မီးဆက်ရှို့နေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာရှိ စာသင်ကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ - CDSOM က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်အား တာဝန်မှ အနားယူခွင့်ပြု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်ကို တာဝန်ကနေ အနားယူခွင့်ပြုလိုက်တယ်လို့ ဒီနေ့မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ကူဆိပ်စခန်းက စစ်သားတွေ မထောစခန်းရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ…

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မထောစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်နေရာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။