မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း နှမ်းခါးကျေးရွာအတွင်းရှိ ဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဆေးပေးခန်းအတွင်းရှိ ဆရာဝန်မိသားစုအပါအဝင် ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၂၂ရက်နေ့၊ မနက် ၈ နာရီခွဲ ဝန်းကျင်အချိန်မှာ လုပ်ဆောင်ခဲ့တာ ဖြစ်တာလို့ သိရပါတယ်။

“မနက်က ၈နာရီခွဲကျော်ကျော်လောက်မှာ လေကြောင်းနဲ့ လာကြဲသွားတာ။ အချိန်က ဆေးခန်းပြတဲ့ အချိန်ဆိုတော့ ဆေးခန်းထဲမှာရောက်နေတဲ့ လူနာတွေရော ဆရာဝန်မိသားစုရော စုစုပေါင်း ၁၁ လောင်း တွေ့ရပြီ။ ဒီထက်ပိုမပိုတော့ မပြောနိုင်သေးဘူး။ တိုက်ပွဲဖြစ်ပွါးတာလည်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိကို အပြစ်မဲ့ပြည်သူတွေကို သတ်နေတာပါ။ သေဆုံးသွားတဲ့အထဲမှာဆိုကလေးငယ် ၅ယောက်လောက်အထိ ပါနေတယ်ဗျာ။ တကယ့်ကို တန်ဖိုးရှိတဲ့အသက်တွေ ဆုံးရှုံးလိုက်ရတာဗျာ” လို့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ မိတ္ထီလာလေတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို‌ ဆောင်ရွက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ နှမ်းခါးရွာဟာ တိုက်ပွဲဖြစ်ပွားနေခြင်းလည်း မရှိဘူးလို့ သိရပါတယ်။

သေဆုံးသွားသည့် ဆရာဝန် မိသားစု

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးပေးခန်းအတွင်းမှာ ဆေးဝါးကုသပေးနေတဲ့ ဆရာဝန်မိသားစု ၃ယောက် အပါအဝင် ဆေးခန်းပြ ပြည်သူ ‌၈ ယောက်၊ စုစုပေါင်းပြည်သူ ၁၁ ယောက် သေဆုံးကာ ‌ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးပေးခန်းလည်း မီးလောင်ပျက်စီးခဲ့သလို အနီးနားက လူနေအိမ် အများအပြားလည်း ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ရွာသားတွေကတော့ ဒီဖြစ်စဉ်ဖြစ်ပြီးတော့ ကိုယ့်အိမ်ကိုယ်နေရတာ မလုံခြုံသလို ခံစားနေရတယ်ဗျ။ အလောင်းကတော့ ၁၁ လောင်း… ထပ်တိုးရှိမရှိကို စုံစမ်းနေဆဲပါ” လို့ ယောအလင်းတန်းမှ ကိုဘကောင်းက မောင်းကို ပြောပါတယ်။

ယောဒေသမှာ အခု မတ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခံရမှုကြောင့် ကန်ရွာက အပြစ်မဲ့ပြည်သူ ၄ ယောက်၊ မြစ်သာဆည်ပေါ် လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ ၁ယောက်၊ ထီးလင်းမြို့နယ် လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ ၄ ယောက်နဲ့ အခု နှမ်းခါးရွာလေကြောင်းတိုက်ခိုက်မှုမှာလည်း ပြည်သူ ၁၁ ယောက်အထိ သေဆုံးထားပြီး လူဦးရေ ၄၀ နီးပါးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ထားပါတယ်။

 နှမ်းခါးကျေးရွာ ဆေးပေးခန်း လေကြောင်းတိုက်ခိုက်ခံထားရမှု မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ ယောအလင်းတန်း)

0 Shares:
You May Also Like
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (၄)နှစ်ပြည့်အ ထိမ်းအမှတ်ပဒေသာကပွဲ ပြုလုပ်

မန္တလေးမြို့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့တာ မတ်လ ၂၆ ရက်မှာ (၄) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ဒေသတွေတိုးချဲ့နေတဲ့ BPLA က အညာဒေသအတွက် တပ်သားသစ်တွေ ခေါ်ယူ

စစ်ဒေသတွေတိုးချဲ့နေပြီး အညာဒေသမှာအခြေစိုက်မယ့် BPLA ကတပ်သားသစ်များ ခေါ်ယူ နေတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးနယ် ကျေးရွာများတွင် စစ်ကြောင်းရော ပေါ်တာဆွဲမှုပါ ဆိုးရွားနေသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေက ကျေးရွာတွေထဲ အင်အားအလုံးရင်းသုံး စစ်​ကြောင်းဝင်ရောက်​နေသလို ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း Yan Gyi Aung People's Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရခိုင်ပြည်နယ် စေလွှတ်ခံရတဲ့ ခလရ ၉၈ အကြမ်းဖက်စစ်တပ် အသေအပျောက်များခဲ့လို့ မော်လမြိုင်ကျွန်းအခြေစိုက် ခလရ ၅၃၆ ကို ထပ်ပို့

ဧရာဝတီတိုင်း ဖျာပုံအခြေစိုက်တဲ့ ခလရ ၉၈ တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက်တဲ့ ခလရ ၅၃၆ ရခိုင်ပြည်နယ်သို့ ထပ်မံ အပို့ခံရကြောင်း အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

လျှပ်စစ်မီးမမှန်တဲ့ ရန်ကုန်မှာ EV Bus ကားတွေပြေးဆွဲဖို့ ပြင်ဆင်နေ

ဆိုးရွားစွာ လျှပ်စစ်မီးပြတ်တောက်နေတဲ့ ရန်ကုန်က YBS ယာဉ်လိုင်းတွေမှာ EV Bus တွေပြေးဆွဲမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

ဇီးဖြူကုန်း ပျူစခန်းကို ၄ ရက် ဆက်တိုက် ဗုံးကြဲမှု စစ်ကောင်စီအရာရှိနဲ့ ပျူခေါင်းဆောင်အပါ ၁၀ ယောက် အပြင်းအထန် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA က ဒရုန်းနဲ့ ၄ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။