မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက်သေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတော်ပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
မတ်လ၂၀ ရက် ညနေပိုင်းက စလင်းမြို့နယ်၊ ကင်မွန်းခြုံရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ပေါင် ၃၀၀ နဲ့ ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား ၃ ယောက်ထိမှန်ကာ ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ စလင်းမြို့နယ်အတွင်း စစ်ရေးတင်းမာမှုတွေ ရှိနေပေမယ့်လည်း ကင်းမွန်းခြုံရွာဘုန်းကြီးကျောင်းကိုတော့ စစ်ရေးပစ်မှတ်ရော တိုက်ပွဲမဖြစ်ပွားဘဲနဲ့ပါ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ စလင်း​မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေအပြင် ကားလမ်းတစ်ဖက်တစ်ချက်က ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီပါ ထိိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
” ညနေ ၄ နာရီ ၁၅ မိနစ်လောက်မှာ ဂျက်ဖိုက်တာနဲ့ လာကြဲသွားတာပါ။ အသံတွေပဲကြားရပြီး မမြင်ရဘူးလို့ ပြောကြတယ်။ အဲ့လိုနဲ့ ကင်မွန်းခြုံဘုန်းကြီးကျောင်းကို ကြဲသွားတာပါ။ ဘုရားနဲ့ ဘုန်းကြီးကျောင်းက လမ်းခြားပါတယ်။ ဘုရားက တောင်ကုန်းကလေးတခုပေါ်မှာပါ။” လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
မတ်လ ပထမပတ်အတွင်းကစလို့ အကြမ်းဖက်စစ်ကောင်စီက စလင်းမြို့နယ်ကို အင်အားအလုံးအရင်း သုံးပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာ ဖြစ်ပါတယ်။
စလင်းမြို့နယ်အတွင်းက စလင်း-တညောင်လမ်းပိုင်း၊ တညောင် – ဆင်ဖြူကျွန်းလမ်းပိုင်းတစ်လျှောက်က ရွာတွေကို စစ်ကြောင်းထိုးရင်း ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေ ရှိနေသလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ တန်ဖိုးကြီးပစ္စည်း ခိုးယူသယ်ဆောင်တာတွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စလင်းမြို့နယ်အတွင်းက နေပူကန်နဲ့ ကုက္ကိုလ်တန်းရွာတွေဟာလည်း မတ်လ ပထမပတ်အတွင်းမှာပဲ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ် မီးလောင်ပျက်စီးထားတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ပုလဲနယ်အတွင်းက စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်တဲ့ ဒရုန်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လေကြောင်းစစ်ဆင်ရေးပြုလုပ်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်မှုနဲ့ တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး နေ့ရောညပါ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတွေ ဆီက သိရပါတယ်။
Read More

မင်္ဂလာဒုံတွင် ပွဲစားဆိုသူက ကျောင်းသား ၂ ဦး၊ အမျိုးသား ၁ ဦးကို အလုပ်ရမယ်ဆိုကာ စစ်တပ်ထဲရောင်းစား

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ကျောင်းသားတွေအပါအဝင် လူငယ်အမျိုးသား ၃ယောက်ကို ပွဲစားဆိုသူက အလုပ်ရမယ်ဆိုပြီး အကြမ်းဖက်စစ်တပ်ထံ လိမ်လည်ရောင်းစားခဲ့ကြောင်း Rangoon Scout Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ် ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ Beyond The Chindwin Organization-BCO အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့နယ် ကျေးရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ စစ်ရှောင်ကလေးငယ် ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သာပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

ရွာကထိန်ပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၅ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယောအိုင်းမကျေးရွာမှာ ကထိန်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူး၊ ဧရာ၀တီနဲ့ မကွေးက စစ်စခန်းတွေကို AA တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းက စစ်ကောင်စီတပ်စခန်း ၃ခုကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကြားက စစ်ကောင်စီတပ်တချို့လည်း ဆုတ်ခွာထွက်ပြေးနေရတယ်လို့ AA က ဇန်နဝါရီလ ၂၇ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။