စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ ကသာမြို့ ခမရ-၃၀၉ ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်‌ကြောင်းကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
ဗိုလ်မှူး လင်းထက် ဦးစီးပြီး ခမရ (၁၀၆၊ ၃၀၉)၊ ခလရ-၆ ပူးပေါင်းအင်အား (၁၅၀) ခန့်ပါတဲ့ အကြမ်းဖက် စစ်ကြောင်းကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုနဲ့ EROs (KIA)၊ KPDF၊ ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပကဖ နဲ့ ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က မတ်လ (၁၅) ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က (၃၃) ယောက် သေဆုံးပြီး (၁၀) ယောက် ထိခိုက်ဒဏ်ရာရကာ (၃၁) ယောက်ကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့သလို တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဆီက MA-1 (၂၉) လက်၊ MA-2 (၆) လက်၊ MA-3 (၁၂) လက်၊ MA-4 (၃) လက်၊ MA-11 (၁) လက်၊ MA-15 (၁) လက်၊ Anti Drone Gun (၁) လက်၊ MA-10 ဗုံးသီး (၃၇) လုံး၊ MA ကျည် (၈၀၀၀) တောင့်၊ MA-15 ကျည် (၂၀၀၀) တောင့်၊ ၆၀ မမ ဗုံးသီး (၁၇) လုံး၊ ကျည်အိမ် (၁၁၃) ခု၊ ကျောပိုး Jammer (၁) ခု၊ ဆက်သွယ်ရေးစက် (၁) လုံး၊ အထိုင်ဖုန်း (၁) လုံး၊ ကျည်ကာဦးထုပ် (၁၂) လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကြောရေးမှ ပေးသည့် ဒဏ်ရာများကို ခံစားရင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝတ်ရည်အောင် အင်းစိန်ထောင်တွင်း ကျဆုံး

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးအကျဥ်းချထားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ အင်းစိန်ထောင်အတွင်း ကျဆုံးသွားခဲ့ပါပြီ။
Read More

ဧရာ၀တီ၊ မကွေး နဲ့ပဲခူးက စစ်ကောင်စီ တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ထုတ်ပြန်

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့  ဒေသသုံးခုက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ခြေဆေးရွာကို စစ်တပ် လေယာဉ်ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ကိုယ်ဝန်ဆောင်သည်အပါအဝင် ၂ယောက်စိုးရိမ်ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့နွားထိုးကြီး အစပ်က ခြေဆေးကျေးရွာကို စစ်ကောင်စီက လေယာဥ်၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာခံအမျိုးသမီး ၁ယောက်သေဆုံးကာ ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး​၂ယောက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့မှာ မြို့နေပြည်သူဆီကို မြို့နယ် ပကဖ က စစ်သတင်းလွှာ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့က ဒေသခံပြည်သူလူထုဆီကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အပတ်စဥ်ထုတ်ဝေနေတဲ့ စစ်သတင်းလွှာတွေကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးအဖွဲ့၊ သတင်းတာဝန်ခံရုံးအဖွဲ့ နဲ့ သပိတ်ကျင်းတိုက်နယ် ပကဖ ရုံးအဖွဲ့တို့ ပူးပေါင်း ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့ပြ သပိတ်လှုပ်ရှားမှုများ ပြုလုပ်နေသည့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော် ၂ ဦး ဖမ်းဆီးခံထားရ

ရန်ကုန်မြို့ရှိ လူထုလှုပ်ရှားမှုသပိတ်တွေမှာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ရဲဘော်(၂) ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားကြောင်း အဆိုပါသပိတ်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်အား တာဝန်မှ အနားယူခွင့်ပြု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်ကို တာဝန်ကနေ အနားယူခွင့်ပြုလိုက်တယ်လို့ ဒီနေ့မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။