မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းက အပတ်စဥ်ထုတ် စစ်သတင်းလွှာတွေ ဖြန့်ဝေတာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
မတ် ၂၁ ရက် မနေ့က ဆိပ်ဖြူမြို့နယ်အတွင်း လက်လှမ်းမှီတဲ့ ကျေးရွာတွေနဲ့ ဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေကို စစ်သတင်းလွှာတွေ ဦးစားပေး ဖြန့်ချိပေးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံပြည်သူတွေကိ စစ်သတင်းသာမက ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေရဲ့ စံသတ်မှတ်မှုတွေကို သိရှိစေဖို့နဲ့ NUG အစိုးရရဲ့ စစ်ရေးရည်မှန်းချက်တွေကို ကောင်းမွန်စွာ သိရှိစေဖို့ ရည်ရွယ်ပြီး စစ်သတင်းလွှာတွေ ဖြန့်ဝေပေးခဲ့တယ်လို့ ဆိုပါတယ်။
ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းရဲ့ ယာယီ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာတွေမှာလည်း ပြည်သူလူထုကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား တစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းစစ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၁ ရဲ့ တပ်ရင်းမှူး ဦးဘဂျမ်းဆီက သိရပါတယ်။
Read More

ဟားခါးမြို့ပေါ်က ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ…

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သာကေတနှင့် မြောက်ဥက္ကလာပတွင် စစ်အုပ်စု၏ ဌာနဆိုင်ရာနှင့် လုံခြုံရေးယူထားသည့်နေရာများ ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ သာကေတနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဌာနဆိုင်ရာရုံးနဲ့ လုံခြုံရေးချထားရာနေရာတွေကို ဇွန် ၁၈ ရက် (မနေ့ညပိုင်း) မှာ ကိုယ်စီ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာမြို့ပြပြောက်ကျားအဖွဲ့ဝင်တွေက မောင်းကို ပြောပါတယ်။
Read More

PDF တွေရဲ့သတင်း စုံစမ်းနေတဲ့ ရဲဒုတပ်ကြပ် ၂ ယောက် အသေပစ်ခတ် ဖမ်းဆီးခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ PDF တွေရဲ့သတင်း ထောက်လှမ်းနေတဲ့ ရဲဒုတပ်ကြပ်၂ ယောက်ကို အသေပစ်ခတ် ဖမ်းဆီးခဲ့​ရတယ်လို့ Tamar Myay Special Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီအနေဖြင့် ၎င်းတို့လုပ်ဆောင်နေသော လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ခံရမည်ဟု NRFF ထုတ်ပြန်

စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ၄င်းတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၇ အဆင့် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

စစ်ကိုင်းငလျင်ကြီး ၄ လပြည့်ချိန်မှာ မန္တလေးမြို့ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၇ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ရှားသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။