မွန်ပြည်နယ် ရေးမြို့နယ် အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွမ်ကျိုက်ကျေးရွာအနီး တပ် စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းကုန်းအား မတ်လ ၁၇ ရက်က လက်နက်ကြီးနဲ့ ၆ ကြိမ် ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ထံက သိရပါတယ်။

စခန်းကုန်းပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ယောက် သေပြီး တပ်ကြပ်ကြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါနတပ်ရင်း၊ဒေါနစစ်ကြောင်း(၂)၊ရေးပြောက်ကျားတပ်(YGF)နှင့် ပူးပေါင်းမဟာမိတ်များဖြစ်တဲ့ ရာမညစစ်ကြောင်းနဲ့ KNLAတပ်ရင်း (၂၇) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြ တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆား‌တောင်မြို့ အနောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦးခန့် သေ၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားတောင်မြို့အနောက်ဘက်ကို အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်း သေဆုံးပြီး‌ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆိုင်း‌တောင် Lucky Men ဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို KIA၊ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံး (ရုပ်/သံ) အောက်တိုဘာ ၈၊ ၂၀၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် Lucky Men ဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒီနေ့ အောက်တိုဘာ ၈ ရက်မှာ KIA၊ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့အတွက် အများအပြားသေဆုံးကာ၂၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မှာ ”ငုံ့မခံနဲ့ တုံ့ပြန်၊ အံတုတွန်းလှန်ဖက်ဆစ်ဒဏ်”စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှာ နှစ်ငါးလုံးလှုပ်ရှားမှုအဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆိုင်ကယ်စီးလာတဲ့ အကြမ်းဖက်စစ်သား ၂ ယောက်တိုက်ခိုက်ခံရပြီး ၂ယောက်စလုံး သေကာ သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ကိုင်းရွာကနေ တည်သီးတောရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား  ၂ ယောက်ကို အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ယောက်စလုံး သေဆုံးခဲ့တယ်လို့  ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းအနီး စိုက်ကွင်းတွေမှာ စပါးရိတ်သိမ်းနိုင်ဖို့ ပြည်သူတွေကို မိုင်းကွင်းတွေနဲ့ ကာကွယ်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်း ပျူစခန်းအနီးမှာ ပြည်သူတွေ စိုက်ပျိုးထားတဲ့ လယ်ယာတွေကို ရိတ်သိမ်းနိုင်ဖို့ တော်လှန်‌ရေးတပ်ဖွဲ့တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်‌ပေးခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

ဆုံရွာပျူစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချကာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦးသေပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာပျူစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချကာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF က သတင်း ထုတ်ပြန်ထားပါတယ်။