တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ချင်းပြည်နယ်၊ ဟားခါးမြို့တွင်းနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ရဲဘော် ၅၂ ယောက် ကျဆုံးပြီး ၁၈၃ ယောက်ဒဏ်ရာရခဲ့တယ်လို့ Chinland Defense Force CDF – Hakha Central Council က ဒီနေ့ ထုတ်ပြန်ပါတယ်။

CDF – Hakha ရဲ့ ၄ နှစ်တာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပေါင်း ၃၂၆ ကြိမ် ဖြစ်ပွားခဲ့ရာ CDF – Hakha ရဲဘော် ၅၂ ယောက် ကျဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၈၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီတပ်က ၁၉ ကြိမ်  စစ်ကြောင်းထိုးခဲ့ရာ ၁၇ ကြိမ် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဟားခါးမြို့တွင်းစစ်ဆင်ရေး အကြိမ် ၁၅၀ ဆင်နွှဲနိုင်ခဲ့ပြီး အခြားမြို့နယ် စစ်ဆင်ရေးတွေမှာ ၈ ကြိမ်ပါဝင်ခဲ့သလို စခန်းနဲ့ မြို့သိမ်းစစ်ဆင်ရေးတွေမှာ ၁၂ ကြိမ် ပါဝင်ခဲ့တယ်လို့ CDF-Hakha က ဆိုပါတယ်။

ထုတ်ပြန်ချက်

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စု အာဏာရယူပြီးနောက် (၄) နှစ်တာအတွင်း လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဟားခါးမြို့နယ်ထဲမှာ ၂၃ ယောက်သေဆုံးခဲ့ပြီး နေအိမ် ၂၆၀ လုံး မီးလောက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် တိုက်ပွဲဝင်ဖို့ ၂၀၂၁ ခုနှစ်၊ မတ်လ (၂၁) ရက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ CDF-Hakha အနေနဲ့ ပြည်သူတွေ၊ အခြားတော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲကာ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ ကားကို ရေးဘီးလူးအဖွဲ့ တိုက်ခိုက်ရာ စစ်သား ၃ယောက်သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ်(၈) လမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကာင်စီကားကို တိုက်ခိုက်ရာ စစ်သား ၃ယောက် သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း အသတ်ခံရမှု ပွင့်လင်းမြင်သာစွာ အရေးယူသွားမည်ဟု ကယန်းပြည်သစ် ပြော

နေပြည်တော်တိုင်းစစ်ဌာန၊ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုဖြစ်စဥ်အတွက် ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူပြီး ပွင့်လင်းမြင်သာစွာချပြသွားမယ့်အကြောင်းအပါအဝင် သဘောတူညီချက် ၅ခုကို ကယန်းပြည်သစ်တပ်မတော်ဘက်က ကတိကဝတ်ပြု သဘောတူခဲ့​ကြောင်း နေပြည်တော် PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပြည်သူအပေါ် မောက်မာရိုင်းစိုင်းတဲ့ ဟုမ်းလမ်းဘူတာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံတင်ထားရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် ဦးစန်းငွေ ပစ်ခတ်ခံရပေမယ့် အသက်မသေဘဲ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ဆေးကုသမှုခံယူနေရကြောင်း Freeland Attack Force (FLA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဆည်တော်ကြီး ရေလှောင်တမံကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နေတယ်လို့ မန္တလေး PDF ထုတ်ပြန်

မိုးကြီးရေလျှံမှုတွေကြောင့် မန္တလေး PDF က ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်ထဲက ဆည်တော်ကြီးရေလှာင်တမံကို စနစ်တကျ စောင့်ကြည့်နေတယ်လို့ MDY PDF ကထုတ်ပြန်ပါတယ်။ ပြည်သူများဘေးအန္တရာယ်မဖြစ်စေဖို့ အချိန်ပြည့်စောင့်ကြည့်နေပြီး အရေးပေါ်အခြေအနေတွေရှိပါက ပြည်သူတွေကို အသိပေးထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကောင်စီရဲ့ ၆၀၀၆ တင့်ကားတပ်ရင်းက စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲလို့ ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရကာ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။