ကချင်ပြည်နယ်၊ ဖားကန်မြို့၊ နမ့်မှော်ရွာအနီးမှာ မတ်လ ၂၁ ရက် ဒီနေ့ မနက်ပိုင်းက နွံကန်ပေါက်မှု ဖြစ်ပွားပြီး ကျေးရွာအတွင်း စီးဝင်ကာ လူနေအိမ်တွေ နစ်မြုပ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နွံကန်ပေါက်မှုဟာ  ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာအနီး ကျောက်ဖြူတောင်အောက်မှာ ကျောက်တူးဖော်နေတဲ့ ကုမ္ပဏီလုပ်ကွက်တစ်ခုကနေ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေ့ဘက်မှာ ဖြစ်ပွါးခဲ့တာကြောင့် လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာတွေ၊ စက်တပ်လေထီးယာဉ်တွေ နဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက် သေဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

ကပစ ၁၂ အား ရှော့တိုက်ဒုန်းများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမ်း-ပဒါန်းလမ်းပိုင်းမှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာထိပ် အမ်း-ပဒါန်းလမ်းပိုင်းမှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်တပ်ကင်းစခန်း ၂ ခုကို နိုဝင်ဘာ ၅ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ်-၂တပ်ရင်းထံက သိရပါတယ်။
Read More

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် – PRF မှ ထောက်ပို့ငွေများ မြေပြင်တိုက်ရိုက် စီးဆင်းရဲ့လား (ရုပ်/သံ)

လက်ရှိမှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF က ထောက်ပို့ငွေတွေကို PDF တပ်ရင်း/စစ်‌ကြောင်း‌တွေရဲ့ ရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် အဓိကအသုံးပြုနေပြီး ၂၆  ကြိမ်မြောက် တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်ကို ပေးအပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်တချို့ကို ရုပ်သံနဲ့တကွ ဖော်ပြလိုက်ပါတယ်။
Read More

နွားထိုးကြီး ပြင်စည်ကျေးရွာက ရဲစခန်းကို ရော့ကတ်တွေနဲ့ တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ ရဲစခန်းကို ရော့ကတ်လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။