မြန်မာနိုင်ငံမှာ  လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ် လိုအပ်နေသူ သန်း (၂၀) ခန့်ရှိပြီး အဆိုပါ လူဦးရေထဲက  ၁၀.၄ သန်းဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဖြစ်ကာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို ခံစားနေရတယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

ကုလရဲ့ (၆၉) ကြိမ်မြောက် Commission on the Status of Women အစည်းအဝေးရဲ့ အထွေထွေဆွေးနွေးမှု အစီအစဉ်မှာ သံအမတ်ကြီးက ထည့်သွင်းပြောကြားလိုက်တာပါ။

စစ်ကောင်စီဟာ နိုင်ငံတစ်ဝှမ်းရှိ အရပ်သားပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်နေပြီး အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ၊ ကလေးသူငယ်တွေအနေနဲ့ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုဒဏ်ကို ခါးစည်းခံနေရတယ်လို့ သံအမတ်ကြီးက ကုလနဲ့ နိုင်ငံတကာကို သတင်းစကားပေးလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ လုံခြုံရေးပြဿနာ အဆမတန် ကြီးမားနေပြီး  အမျိုးသမီးတွေနဲ့ မိန်းကလေးငယ် တွေဟာ နေ့စဉ်နဲ့အမျှ အကြောက်တရားအောက် နေထိုင်နေရပြီး စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့ အမျိုးသမီးတွေရဲ့ ကြံ့ခိုင်မှုကိုလည်း အထူး ချီးကျူးဂုဏ်ပြုရမယ်လို့ ဆိုပါတယ်။ 

အရပ်သားအစိုးရလက်ထက် အမျိုးသမီးကဏ္ဍ မြှင့်တင်ပေးနိုင်မှု၊ အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးနိုင်မှု အခြေအနေတွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မတရားစစ်အာဏာသိမ်းမှုကြောင့် တိုးတက်မှုတွေအားလုံး ဆုတ်ယုတ်ခဲ့ရပြီး အမျိုးသမီး အခွင့်အရေးတွေ လျော့နည်းကျဆင်းကာ စစ်ရာဇဝတ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရမှုက အထူး စိတ်ပျက် ဝမ်းနည်းဖွယ်ကောင်းတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။  

စစ်အာဏာသိမ်း ၄နှစ်ကျော်အတွင်း  စစ်အုပ်စုနဲ့  ဆက်စပ်သူတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို  နိုင်ငံတစ်ဝှမ်းရှိ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေအပေါ် ရက်စက်စွာ ကျူးလွန်နေတယ်လို့ သံအမတ်ကြီးကဆိုပါတယ်။ 

ဒါကြောင့် စစ်တပ်အပေါ် ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ၊ စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနဲ့ ငွေကြေးစီးဆင်းမှုတွေ ရပ်တန့်ဖို့၊ ရာဇဝတ်မှုကျူးလွန်သူတွေကို တာဝန်ခံမှု ရှိစေရေး အရေးယူပေးဖို့ သံအမတ်ကြီးက တောင်းဆို တိုက်တွန်းလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့အရေးအတွက် အင်ဒိုနီးရှားမှာ ဆွေးနွေးမယ်

အဖြေပေါ်ဖို့ခက်နေတဲ့ မြန်မာ့အရေးအတွက် မြန်မာအတိုက်အခံ အင်အားစုတွေ၊ နိုင်ငံတကာသံတမန်တွေ အင်ဒိုနီးရှားမှာဆွေးနွေးမှုတွေလုပ်ဆောင်သွားမယ်လို့ နိုင်ငံတကာ သတင်းတချို့မှာ ဖော်ပြရေးသားလာပါတယ်။
Read More

ဂျပန်နိုင်ငံ နာဂိုရာမြို့မှာ နွေဦးပွဲတော်နှင့် ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဆုတောင်းပွဲ ပြုလုပ်

ဂျပန်နိုင်ငံ၊ နာဂိုရာမြို့မှာ နွေဦးပွဲတော်ကျင်းပပြုလုပ်ရာမှာ ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် ဆုတောင်းပွဲကိုပါ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
Read More

ကျားဖြန့်တွေကို သည်းမခံဘူး၊ ပါတဲ့လူအကုန် တရားစွဲမယ်လို့ ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းဝန်ကြီးချုပ် အနုထင်ဟာ ကျားဖြန့်နှိမ်နင်းရေးကို အမျိုးသားအစီအစဉ်တတရပ်အနေနဲ့ ကြေညာလိုက်ပြီး ဒီလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အရာရှိတွေ၊ နိုင်ငံရေးသမားတွေအားလုံးကို တရားစွဲမယ်လို့ နိုဝင်ဘာလ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။
Read More

မြန်မာနယ်စပ်ကို လျှပ်စစ်ဓာတ်အား ချက်ချင်းဖြတ်တောက်ဖို့ ထိုင်းဒုဝန်ကြီးချုပ် ပြော

မြန်မာနယ်စပ်ဒေသကို ထိုင်းရဲ့ လျှပ်စစ်ဓာတ်အားပေးဝေမှု ယနေ့ဖြတ်တောက်မယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောပါတယ်။ 
Read More

ထိုင်းအစိုးရက မြန်မာဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြု၊ ကုလသမဂ္ဂ ကြိုဆို

ထိုင်းနိုင်ငံမှာ ရေရှည် ခိုလှုံနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရက ဩဂုတ်လ ၂၆ ရက် အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။