ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေး ဒေသတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွါးခဲ့ပြီးတဲ့နောက် မိသားစုဝင် တစ်ထောင်လောက်ဟာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း ရေဘေးကယ်ဆယ်ရေးပြုလုပ်နေသူတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၁၅ရက်နေ့အထိ ရေကြီးနစ်မြုပ်မှုတွေ ရှိခဲ့သလို ရေပြန်ကျချိန်မှာလည်း နေရပ်ပြန်လို့မရဘဲ ဘုန်းကြီးကျောင်းတွေမှာ ခေတ္တတည်းခိုနေကြရတယ်လို့ သိရပါတယ်။
“ဘားအံ သံလွင်တံတားအနီးမှာကတော့ ရေနစ်မြုပ်နေတုန်းပဲ။ အဝေးပြေးလမ်းမကြီးမှာတော့ ကားအကြီးတွေတော့ သွားလို့ရနေပြီ ရ။ လက်ရှိအချိန်မှာ မြိုင်ကလေးမှာရှိတဲ့ မာဃလူမှုကူညီရေးအသင်းကတော့ ရေကြီးနစ်မြုပ်တဲ့နေရာတွေကိုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတာရှိတယ်” လို့ မြိုင်ကလေးဒေသခံတစ်ယောက်က ပြောပါတယ်။
“အောင်တော်မူဘုန်းတော်ကြီးကျောင်းထဲမှာလည်း ရေနစ်မြုပ်ပြီး ကယ်ဆယ်ထားတဲ့သူတွေတော့တည်းခိုနေတာပေါ့။ စားဝတ်နေရေးတော့ အခက်အခဲ ဖြစ်ကြရတာပေါ့။ ဘုန်းကြီးကျောင်းမှာဆိုတော့ အခြားလူတွေနဲ့စာရင် တော်သေးတာပေါ့။ အလှူရှင်တွေက ချက်ပြုတ်ကျွေးမွေးပေးနေတော့လေ။ အိမ်ခြေ ၁၀၀ လောက်ကတော့ ရေမြုပ်တဲ့အထဲပါသွားတယ်။ အဲဒီကလည်း မိသားစုဝင် ၁၀၀ဝ လောက်ကတော့ စားဝတ်နေရေးအခက်ခဲတွေ ဖြစ်နေကြရသေးတယ်” လို့ အထက်ပါဒေသခံက ပြောပြပါတယ်။
ဓာတ်ပုံ – ရေကြီးနစ်မြုပ်နေရတဲ့ မြင်ကွင်းနဲ့ ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေကြသူများ
0 Shares: