မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာ ပျူစောထီးစခန်းက ကင်းစောင့် ၁ ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်ရာ သေဆုံးသွားတယ်လို့ MPLမြောက်ပိုင်းဇုန်  (မြိုင်-ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၁၉ ရက်က တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ကန်‌နီကျေးရွာက မျှော်စင်ပေါ်ရှိ ကင်းစောင့်ပျူစောထီး ၁ ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့ရာ မျှော်စင်ပေါ်ကနေ ပြုတ်ကျသေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို MPL မြောက်ပိုင်းဇုန်(မြိုင်-ပကဖ)၊ မန်ကျည်းရိပ် ကိုရဲ ပကဖ၊ ကိုဂတုံး တိုက်နယ်-၄ ပကဖ၊ သပြေတော ပကဖ၊ ကိုလီယို Eagle Brigade တပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ပွဲသွားရောက် ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Urban Task Force Aung Ban – UTF တပ်ဖွဲ့က ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ Urban Task Force Aung Ban - UTF တပ်ဖွဲ့က ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

သြဂုတ်လအတွင်း Yangon Army (YA) ၏ ၃ခုမြောက်မစ်ရှင်အဖြစ် လှည်းကူး အောင်မင်္ဂလာရပ်ကွက်ရုံးကို မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က အကြမ်းဖက် စစ်တပ်လက်ပါးစေတွေရှိရာ အောင်မင်္ဂလာရပ်ကွက်ရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

PDF ZOLAND ရဲ့ တန်းမြှင့်သင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲ …(ဓာတ်ပုံသတင်း)

Zomi Federal Union /PDF ZOLAND တန်းမြှင့်သင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မောင်မယ်ရှောင်ကျေးရွာမှာ ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားများကို ဆေးတပ်ဖွဲ့က လက်တွေ့သင်တန်းပို့ချခဲ့ (ဓာတ်ပုံသတင်း)

ရာမညမွန်‌တပ်တော် (NMSP(AD)/ RMA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားတွေကို ရာမညမွန်တပ်တော်နဲ့ Ye Guerrilla Force ဆေးတပ်ဖွဲ့က လက်တွေ့သွားရောက်ပြသသင်တန်းပေးခဲ့တယ်လို့ Ye Guerrilla Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရပ်သား ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများအတွက် စစ်ကောင်စီ တာဝန်ယူရမည်ဟု PDF TRI ဗျူဟာမှူး သတိပေး…

တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ရာဇဝတ်မှုတွေအဖြစ် မှတ်တမ်းတင်ထားပြီး တာဝန်ယူစေရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာမှူး ကိုနွယ်နီက သတိပေးပြောကြားလိုက်ပါတယ်။