စစ်ကိုင်းတိုင်း မြောင်မြို့နယ်ကို စစ်ကြောင်းထိုးပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၁၀ ကျော်သေပြီး ၇ ယောက် ဖမ်းမိခဲ့တယ်လို့ 𝗠𝘆𝗮𝘂𝗻𝗴 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗣𝗲𝗼𝗽𝗹𝗲 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗙𝗼𝗿𝗰𝗲 အဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက တပ်မ ၁၀၁ ကနေ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းဟာ မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးပြီး အပြန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ Su-30 တိုက်လေယာဉ်၊ Mi-35 ရဟတ်ယာဥ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ကူပေးခဲ့တဲ့အပြင် ရေစကြိုမြို့ အထွေထွေရုံးကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်သေပြီး ၂၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူထဲမှာ ၇ ယောက် ထပ်မံသေဆုံးပြီး ၇ ယောက် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းထံက ၆၀ မမစိန်ပြောင်း ၁ လက် ၊  MA10 ၁ လက် ၊ MA3 ၁ လက် ၊ G3 ၁ လက် ၊ Drone ၁ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFနှင့်အတူ ကျေးရွာတပ်ပေါင်းစု(Myaung) ၊  မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း ၊  မြင်းခြံခရိုင်အမှတ်(၂)တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း ၊ Sagaing District Drone Force – SDDF၊ စစ်ကိုင်းခရိုင်အမှတ်(၁)တပ်ရင်း ၊ စစ်ကိုင်းခရိုင်အမှတ်(၅)တပ်ရင်း၊ 9Brothers၊  11Brothers၊ CDSOM၊ သွေးသောက်(ရေစကြို) ၊ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ ၊ RBDF၊  Black Tiger၊ ဒေါင်းညီနောင် ၊ ဇုန်6ဇုန် ၊ ဦးမန်း ဦးဆောင်သည့်ဒရုန်းအဖွဲ့ ၊ တလုပ်PDF ၊ Wolf Brothers  နဲ့ MRF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆုံရွာပျူစခန်းကို Fixed Wing Drone ၉ စီးဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၊ ပျူစောထီး ၂ ဦး​ သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို Fixed Wing Drone ၉ စီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့ တယ်လို့ Peacock Drone Team – Myaung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ ပျောက်ဆုံးနေသည့် တိုက်လေယာဉ်ကို ပစ်ချခဲ့တာဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီက ပျောက်ဆုံးနေကြောင်း ဒီနေ့ ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ် ဖား‌ဆောင်းမြို့နယ်အတွင်းမှာ အပျက်အစီးတွေနဲ့တကွ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
Read More

တိုက်ပွဲအတွင်း အရပ်သားများကို စစ်ကော်မရှင်တပ်က လူသားဒိုင်းပြုလုပ်နေသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာ (ရုပ်/သံ)

စစ်ကော်မရှင်စစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးပြီး တိုက်ပွဲအတွင်း လူသားဒိုင်းကာပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်ကို People's Defence Force-Meikhtila က ထုတ်ပြန်ခဲ့ပါတယ်။
Read More

စလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားအများအပြား သေကာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ယောက်သေဆုံးခဲ့ရတယ်လို့ ဗမာ့တပ်တော် - Bamar Army ထံက သိရပါတယ်။
Read More

ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်းမှ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင် ကျဆုံးခဲ့ရတဲ့ ရဲဘော် ကိုရှိုင်း စျာပနအခမ်းအနား (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်းမှ စစ်အာဏာရှင်စနစ် ပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက် တာဝန် ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ တပ်စိပ်မှူး ရဲဘော် မိုးဒီ (ခ) ကိုရှိုင်းစျာပနကို စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ထုတ်လုပ်သည့် ဗုံးသီးမျိုးစုံ (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ထုတ်လုပ်ရေးအဖွဲ့မှ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ထုတ်လုပ်ထားတဲ့ ဗုံးသီးမျိုးစုံကို ထုတ်ပြန်ပြသခဲ့ပါတယ်။