လန်ဒန်မြို့ ရုရှားသံရုံးရှေ့မှာ မတ်လ ၁၉ ရက် မနေ့က  ယူ‌ကေရောက် တော်လှန်ရေးအင်အားစုတွေက ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲမှာ ယူကေရောက် မြန်မာတိုင်းရင်းသား ၂၀၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြပြီး အကြမ်း ဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှားအစိုးရရဲ့ ထောက်ပံ့မှုတွေ ရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံမှာ နျူကလီးယားစက်ရုံတည်ဆောက်မှုကို လက်သင့်မခံကြောင်း ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှားအစိုးရရဲ့ ထောက်ပံ့နေမှုကြောင့် မြန်မာနိုင်ငံ ပြည်သူတွေ ဗုံးကြဲသတ်ဖြတ်ခံနေရပြီး ကလေးငယ်နဲ့ အရပ်သားပြည်သူ အများအပြား သေကြေ နေရတဲ့အတွက် ရုရှားအစိုးရအနေနဲ့ အကြမ်းဖက်စစ်‌ခေါင်းဆောင် မင်းအောင်လှိုင်အား ထောက်ခံ ပံ့ပိုးနေမှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီကို KIA စတင်တိုက်ခိုက်ထိုးစစ်ဆင်နေ (ရုပ်/သံ)

ကချင်ပြည်နယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ဝန်းသိုမြို့နယ် ပကဖ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ငယ်ကို ထုတ်ပြန်ပြသ (ရုပ်/သံ)

ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ က အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်မှာ အသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ငယ်ကို ပြည်သူလူထူထံ ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

တံတားဦးမှ ငါန်းဇွန်ဘက် လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီး လက်နက်ငယ်‌များဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဘက် လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Special Task Force ngazun က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ပို့ရဟတ်ယာဉ် ၁ စီးကို ပစ်ချခဲ့ဟု Battalion Of Budalin ဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကန့်ဘလူ တပ်ရင်း ၆၀၀၆ မှ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကိုလာတဲ့ ထောက်ပို့ရဟတ်ယာဉ် ၁ စင်းကို ပစ်ခတ်ခဲ့တယ်လို့ Battalion Of Budalinမှ ဒီကနေ့မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၆၆) လက်အောက်ခံ ခလရ(၂၄) တပ်သား- မင်းဇော်ဦး ၏ ပြောကြားချက် (ရုပ်/သံ)

“မန္တလေး ရှမ်းမြောက်ဘက်မှာ တံတားပြင်ခင်းသွားလုပ်တယ်။ ပြင်ခင်းလည်း ပြီးရော ရခိုင်ကို ပြန်ဆင်းမယ်။ မိသားစုနဲ့ တွေ့ရအောင် ပြန်ဆင်းတဲ့အခါ ကားဂိတ်မှာ ထမင်းစားနေတဲ့အချိန် ၁၁/ တွေကို လိုက်ဖမ်းတယ်။ အဲ့အချိန်မှာ ကျနော်ပါသွားတာ။ ကျနော့်ကို ဖမ်းပြီးတော့ ထွေအုပ်ရုံးကို ပို့လိုက်တယ်။ ထွေအုပ်ရုံးကနေမှတစ်ဆင့် စုဆောင်းရေးတပ်ကို ပို့တယ်''
Read More

တရားမျှတမှုအတွက် ကမ္ဘာကြီးသို့သတင်းစကား

ဇူလိုင်လ ၁၇ ရက်နေ့ဟာ The World Day for International Justice Day (အပြည်ပြည်ဆိုင်ရာတရားမျှတမှုနေ့) ဖြစ်ပါတယ်။ စစ်အာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့ကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်မှုကြောင့် ပုံစံမျိုးစုံနဲ့ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ကလေးငယ်တွေနဲ့ အရပ်သားတွေအတွက် တရားမျှတမှုပြန်ရနိုင်ဖို့ တောင်းဆိုသံတွေကို ကမ္ဘာကြီးက ကြားနိုင်ပါရဲ့လား။