အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပေါ်တာဆွဲခြင်းနဲ့ တိုင်းပြည်အခြေအနေ အရပ်ရပ်ကြောင့် တော်လှန်တိုက်ပွဲဝင်လိုပြီး ယုံကြည်ချက်ခိုင်မာတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ တပ်သားသစ်အဖြစ် ဆက်သွယ်ဝင်ရောက်နိုင်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ကို ဝင်ရောက်လိုတဲ့ တပ်သားအသစ်တွေကို ၄၅ ရက်အတွင်း လူဦးရေ အကန့်အသတ်နဲ့သာ လက်ခံသွားမှာ ဖြစ်ပြီး အခြေခံစစ်ပညာသင်တန်းတွေ လေ့ကျင့်ပို့ချပေးသွားမယ်လို့ ဆိုပါတယ်။

တပ်သားသစ်များ လက်ခံခေါ်ယူမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်

တော်လှန်ရေးရဲဘော်အဖြစ် လျှောက်ထားလိုတဲ့ လူငယ်၊ လူရွယ်တွေ အနေနဲ့ တပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ တပ်သားသစ်လျှောက်ထားရာမှာ လိုက်နာရမယ့် စည်းကမ်းနဲ့ ခံဝန်ကတိတွေကို သေချာဖတ်ရှုပြီး လျှောက်ထားနိုင်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က ဆိုပါတယ်။

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) ရဲ့ သင်တန်းသားသစ် စုဆောင်းရေးနဲ့ စိစစ်လက်ခံရေးအဖွဲ့က လျှောက်ထားလိုတဲ့ သင်တန်းသားသစ်တွေကို စိစစ်ခေါ်ယူသွားမှာ ဖြစ်ပြီး ဝင်ရောက်လိုတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ Facebook page ဖြစ်တဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၁ နဲ့ တယ်လီဂရမ်အကောင့်ဖြစ်တဲ့ @PRteamygnpdf ကို ဆက်သွယ်ဝင်ရောက်နိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

CDF – Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force (CDF)- Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူ သင်တောရွာအတွင်း စစ်အုပ်စု တပ်စွဲထားမှုကြောင့် အရပ်သား တစ်သောင်းနီးပါး မိုးထဲရေထဲ စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်မှာ အကြမ်းဖက်စစ်အုပ်စု အထိုင်ချတပ်စွဲဲထားမှုကြောင့် တိုက်နယ်၂ ခုက အရပ်သား ၁ သောင်းနီးပါး မိုးထဲရေထဲ စစ်ဘေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ခင်ဦးမှာ စစ်ကောင်စီထုတ် မြန်မာဘီယာတွေ မြို့နယ် ပအဖ နဲ့ ပကဖ က ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့…

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီထုတ် မြန်မာဘီယာတွေကို ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ က ထုတ်ပြန်ထားပါတယ်။
Read More

ဇီးကုန်းမှာ အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ် စခန်းစွန့်ခွာထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ် ပကဖ ဒေသတွင်းပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ဒေသတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

မတ္တရာမှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၂ ယောက် သေပြီး လက်နက် (၉) လက် သိမ်းဆည်းရရှိ…

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ၁၂ ယောက် သေပြီး လက်နက် (၉) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ထားပါတယ်။