အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို မတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားမှာ မိုးကုတ်မြို့နယ် ပကဖ တာဝန်ခံက သင်တန်းဆင်းရဲဘော်တွေကို အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့တော်လှန်ရေးအလံတော်ကိုင်ကာ သစ္စာဆိုခြင်းနဲ့ အရေးကြီးပြီ သီချင်း သံပြိုင် သီဆိုခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းကို စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ ပြင်ဦးလွင်မြို့နယ်တို့က သင်တန်းသား ရာချီ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG ၏ လူသားစာနာ ဝန်ကြီးဌာနမှ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၉၈.၃၂) သန်း ပံ့ပိုးပေးခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၉၈.၃၂) သန်းကို အမှန်တကယ် အကူအညီ လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ဒေါနတပ်ရင်းကို အလင်းဝင်ရောက်ခဲ့သူ ၁၈ ဦး PDF အဖြစ် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေ…

" သူတို့စုဆောင်းခံရပုံက အတော်တူကြပါတယ်။ စစ်မှုထမ်းစာရင်းမပါပဲ၊ မဲမနိူက်ရပဲနဲ့ ပုံမှန်အလုပ်သွား၊ အလုပ်ပြန်လုပ်နေရင်း ညနေဘက်မှာ ဖမ်းခံရတာပါ။အဲ့လိုကနေမှရဲစခန်း၊ သင်တန်းစုဆောင်းရေးတွေကိုပို့ခံရတယ်ပေါ့။ နေရာတွေကတော့ အစုံပဲ။ တနင်္သာရီပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူး၊ မွန် စသဖြင့်ပေါ့နော်။ "
Read More

အကြမ်းဖက်စစ်တပ်က ပြည်နယ်နှင့် ယူနစ်များကို လေကြောင်းတိုက်ခိုက်လေ့ရှိသည့် လေဆိပ်နှင့် လေယာဉ်အမျိုးအစားများကို EAR နှင့် မိတ်ဖက်များ ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က ပြည်နယ် နဲ့ ယူနစ်(တိုင်း)တွေအလိုက် လေကြောင်းတိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေဆိပ်နဲ့ လေယာဉ်အမျိုးအစားတွေကို Enemy Air Route (EAR) နဲ့ မြေပြင်ဒေသခံ လေကြောင်းကင်းထောက်အဖွဲ့တွေ ပူးပေါင်းပြီး မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ STUM အဖွဲ့ဝင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

မြန်မာနိုင်ငံက အလုပ်သမားတွေ အခွင့်အရေးအပြည့်အဝရရှိရေး ဆောင်ရွက်နေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၁ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးထားတယ်လို့ STUM ရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

တော်လှန်ရေးအတွက် သားတစ်ယောက် ပေးဆပ်လိုက်ရတဲ့ မိခင်ကို ဆွဲကြိုးနဲ့ နားကပ် ဂုဏ်ပြုဆင်မြန်းပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်ကနေ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော်တစ်ယောက်ရဲ့ မိခင်ကို ကျပ်ငွေ ၄၅ သိန်းတန်ဖိုးရှိ ဆွဲကြိုးနဲ့ ကျောက်နီနားကပ်တို့ကို ဂုဏ်ပြု ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မာနယ်ပလောကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings တရားဝင်ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်းရှိရာ မာနယ်ပလောစခန်းကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ တရားဝင်ထုတ်ပြန်လာပါတယ်။