ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အမှတ် (၂) မှုခင်းရဲတပ်ဖွဲ့ (CID) ရုံးကို ပြင်းအားမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်မှုမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သွားခဲ့ကြောင်း R.U.C စစ်ကြောင်း တာဝန်ခံ ကိုရဲခေါင်က မောင်းကို ပြောပါတယ်။

မတ်လ ၁၉ရက်၊ မနေ့က ညပိုင်းမှာ အောက်မင်္ဂလာဒုံလမ်းမကြီးဘေး၊ အင်းစိန် (CID) ရုံး​ရှေ့ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Rangoon Urban Column (R.U.C) စစ်ကြောင်းတပ်ဖွဲ့ဝင်တွေက အဝေးထိန်းမိုင်း အကြီးစားတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“မိုင်းက သာမန် ၃လုံးစာကို ၁လုံးတည်းပေါင်းပြီး မိုင်းကြီးဆင်တဲ့သဘောပေါ့။ ဂိတ်ဘေး ကပ်ချခဲ့တာပါ။” လို့ R.U.C စစ်ကြောင်း တာဝန်ခံ ကိုရဲခေါင်က မောင်းကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့ပြီး ၁ယောက်ကတော့ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိကာ ဆေးရုံတက်ရောက် ကုသနေရကြောင်း သိရပါတယ်။

“ပြည်သူ၁ယောက် သတင်းပို့တာကတော့ ကင်းသမား ၁ယောက် အတော်ထိသွားတယ်တဲ့။ ဆေးရုံချက်ချင်းပို့လိုက်တယ် ကြားတယ်။ ဘယ်ဆေးရုံနဲ့ ဘာဆက်ဖြစ်သလဲအထိတော့ မသိရပါဘူး” လို့ R.U.C စစ်ကြောင်း တာဝန်ခံ ကိုရဲခေါင် က မောင်းကိုပြောပါတယ်။

စစ်အုပ်စုတွေ ကြီးစိုးရာ အင်းစိန် စီအိုင်ဒီရုံးကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက မကြာခဏဆိုသလို လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်တာ၊ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတာတွေ လုပ်ဆောင်နေတာဖြစ်ပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် Rangoon Urban Column (R.U.C) စစ်ကြောင်းအနေနဲ့ လက်ရှိမှာ တော်လှန်ရေးကဏ္ဍအတွင်း အသုံးပြုနိုင်ဖို့ လမ်းကြမ်းသုံး ကား၁စီးဝယ်ယူနိုင်ရေး ” မြို့ပြသို့ချီ RUC” ကမ်ပိန်းကိုပြုလုပ်နေကြောင်း ကိုရဲခေါင်က ပြောပါတယ်။

“ရဲဘော်တွေ သွားလာရေးအတွက် လမ်းကြမ်းသုံး ကား၁စီးရဖို့ လုပ်တဲ့ ကမ်ပိန်းလေးဗျ။ ဒီလ ၈ရက်နေ့ကစတာ ၄လပိုင်း ၈ရက်နေ့အထိပေါ့။ ကားဈေးမှားတွက်မိတာနဲ့ ကမ်ပိန်း target ပမာဏက ၁၅၀ ဆိုပေမယ့် ပြည့်ရင်တောင်လိုနေဦးမှာမို့ပါဝင်ပေးစေချင်ပါတယ်။” လို့ R.U.C စစ်ကြောင်း တာဝန်ခံ ကိုရဲခေါင်က မောင်းကိုပြောပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်းမှုကြောင့် လူဦးရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာအခက်အခဲနဲ့ လူမှုအကျပ်အတည်းတွေကိုပါ ခံစားနေရဟု UNOCHA က ထုတ်ပြန်

မြန်မာ့လူဦးရေ ၁၅ သန်းကျော် စားနပ်ရိက္ခာအခက်အခဲအပြင် လူမှုအကျပ်အတည်းမျိုးစုံ တပြိုင်နက်တည်း ရင်ဆိုင်ခံစားနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကအသိပေးထုတ်ပြန်ပါတယ်။ 
Read More

ပုသိမ်- မုံရွာလမ်းပိုင်းမှာ PDF တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် KIA/KPDF နှင့် SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ၂ဖက် ထိခိုက်မှုရှိ၊ SNA ဘက်မှ စနိုက်ပါသမားနှင့် တပ်သား ၁ဦးကို မူးယစ်ဆေးများနှင့် ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ KIA/KPDF တပ်တွေနဲ့ SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ၂ ဖက် အပြန်အလှန် ထိခိုက်မှုတွေရှိတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
Read More

ရွာလုံးကျွတ် မီးတင်ရှို့ခံထားရသည့် မင်းပလောင်ရွာခံများ တောထဲတောင်ထဲ ယားနာနှင့် အာဟာရချို့တဲ့မှုများ ရင်ဆိုင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်က စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ရွာမှာ ဒေသခံတွေ ပြန်လည်အခြေမချနိုင်သေးသလို အာဟာရချို့တဲ့မှုနဲ့ ယားနာရောဂါတွေဖြစ်ပွား​နေကြတယ်လို့ သိရပါတယ်။
Read More

ထိုင်းနယ်စပ်ဂိတ်မှာ တရားမဝင် ဝင်ရောက်မှုကြောင့် တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ အယောက်

နိုဝင်ဘာလ တတိယအပတ်အတွင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီး ဖမ်းဆီးခံရသူ အယောက် ၅၀ ကျော်အထိရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
Read More

ပခုက္ကူ၊ ရှင်မကန်ရွာရှိ စစ်အုပ်စုကို တော်လှန်ရေးတပ်များ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေရှိရာ ရှင်မကန်ရွာကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုတွေရှိကြောင်း Cobra One တာဝန်ရှိသူက မောင်းကိုပြောပါတယ်။