မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်း-ဆိပ်ဖြူကားလမ်းပိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

စလင်း-ဆိပ်ဖြူကားလမ်းပိုင်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ်လ ၆ ရက်ကနေ ၁၇ ရက်အထိ ၁၂ ရက်ကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကျေးရွာတွေမှာရှိတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူတွေ အကူအညီတွေ လိုအပ်နေတယ်လို့ စလင်းပကဖ က ဆိုပါတယ်။

ပြည်တွင်းပြည်ပက အလှူရှင်တွေအနေနဲ့လည်း နေအိမ် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ဒေသခံပြည်သူတွေအတွက် တက်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးဖို့ စလင်း ပကဖ က မေတ္တာရပ်ခံထားပါတယ်။

စလင်း ပကဖ တာဝန်ခံတွေနဲ့ ရဲဘော်တွေကလည်း စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူတွေ သောက်ရေ၊ သုံးရေ အခက်အခဲဖြစ်နေတဲ့အတွက် သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

မီးဘေးသင့် ပြည်သူတွေကို စလင်း ပကဖ ရဲ့ Telegram link ကို ဆက်သွယ်ကာ လှူဒါန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

http://t.me/pkpsalin

https://t.me/pkpsalinM4

0 Shares:
You May Also Like
Read More

စလင်းကို စစ်ကောင်စီ ကုန်းကြောင်းလေကြောင်း အင်အားအလွန်အကျွံသုံးပြီး စစ်ကြောင်းထိုးနေ၊ ၁၂ ရက်ကြာ ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းကြောင့် နေအိမ် ၁၇၀ ကျော် မီးလောင်ပျက်စီးခဲ့

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ရက်အတန်ကြာ စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က အင်အား ဆယ်ဂဏန်းခန့် သေဆုံးခဲ့တယ်လို့် စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့တွင်း သပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ ဖမ်းဆီးခံရ

ရန်ကုန်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်သူတစ်ယောက်ဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးသွားတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီစခန်းကုန်းတွေဆီ ရောက်လာမယ့် FW (Hercules)

လက်ရှိတော်လှန်ရေးမှာ မြေပြင်ရဲဘော်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့အတူ ဒရုန်းစစ်ဆင်ရေးတွေကလည်း မရှိမဖြစ် အရေးပါလှပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု နှစ်သစ်ကူးတွင် NUCC ကတိပြု

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့ အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြု တဲ့အကြောင်း ဇန်နဝါရီ (၁) ရက်နေ့မှာ သစ်ကူး နှုတ်ခွန်းဆက်သဝဏ်လွှာ ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေကို ဒရုန်းတွေ တိုက်မိုင်းတွေနဲ့ စောင့်ကြိုတိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်​ဂေါမြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာ ၆ယောက်ထက်မနည်းထိခိုက်သွားကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းများ နုတ်ထွက်ခွင့်ပြုခြင်းဟာ မက်လုံးပေးဝါဒဖြန့်ရုံသက်သက်ဖြစ်ကြောင်း CDM တပ်ကြပ်ကြီး နောင်ရိုးပြော

တော်လှန်ရေးအင်အားစုတွေဆီ ထွက်ပြေးအလင်းဝင်ရောက်တာမျိုးနဲ့ မြေပြင်မှာ ခက်ခက်ခဲခဲ တပ်သားစုဆောင်းနေရတာတွေ လျှော့ချတားဆီးနိုင်ဖို့ စစ်အုပ်စုက စစ်မှုထမ်းတပ်သား အနည်းအကျဥ်းကို လှည့်ဖျားဝါဒဖြန့်ရုံသက်သက် နုတ်ထွက်ခွင့်ပြုတာတွေ လုပ်ဆောင်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်ဆိုင်ရာ သုတေသန တာဝန်ခံ CDM တပ်ကြပ်ကြီး နောင်ရိုးက မောင်းကို ပြောပါတယ်။