စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ဒေသခံပြည်သူတွေ သွားလာနေတဲ့ ၁ မိုင်ကျော် အရှည်ရှိ အရေးပေါ်စစ်ရှောင်လမ်းကို ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြုပြင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။

ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ရွှေဘို ပကဖ တိုက်နယ် ၅ က ဦးဆောင်ပြီး အကျယ် ပေ ၂၀၊ အရှည် ၁ မိုင်ကျော်ရှိ မြေသားလမ်းကို ဂျင်းကျောက်ခင်းလမ်းအဖြစ် ပြုပြင်ခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဘိုမြို့နယ်အတွင်း လမ်းပိုင်းတစ်နေရာကို ပြုပြင်ပေးခဲ့တာဖြစ်ပြီး အဆိုပါ အရေးပေါ်စစ်ရှောင်လမ်းကို ကျေးရွာနေ တော်လှန်ပြည်သူတွေရဲ့ မ,တည်ထောက်ပံ့မှု၊ ခရီးသွားပြည်သူတွေ ပါဝင်ပူးပေါင်းမှုနဲ့ ဂျင်းမြေခံကာ ကျောက်မှုန့်ခင်းလမ်းအဖြစ် ရွှေဘိုမြို့နယ် တိုက်နယ် (၅) ပကဖ၊ ဂဠုန်ကြီး ပကဖ၊ တောဗိုလ် ပကဖတို့ ဦးဆောင်ပြီး အောင်မြင်ပြီးစီးအောင် အချောသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပကဖ တွေအနေနဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရင်း ဒေသခံလူထုရဲ့ ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတယ်လို့ ပကဖ အသံက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်ထဲ စစ်ကြောင်း ၃ကြောင်းခွဲပြီး ဝင်လာသည့် စစ်အုပ်စု ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ CDF စစ်ဦးစီးချုပ် ကျဆုံးခဲ့ရ

ချင်းပြည်နယ်၊ ထန်တလန် မြို့သိမ်းတိုက်ပွဲမှာ အားထားရတဲ့ စစ်ဦးစီးချုပ် ကျဆုံးခဲ့တယ်လို့  ချင်းကာကွယ်ရေးတပ် CDF ထံက သိရပါတယ်။
Read More

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အပတ်စဥ် (၃) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အပတ်စဥ် (၃) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝေါမှာ စစ်ကောင်စီတပ်ကင်းကို ချောင်းမြောင်းတိုက်ခိုက်ရာ စစ်သား ၁ ဦးသေ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံရွာမှာ ကင်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ချောင်း​မြောင်းတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့နဲ့ အပစ်ရပ်လက်နက်ကိုင်တချို့ ဖက်ဒရယ်စနစ်ဆွေးနွေးပွဲအတွက် အိန္ဒိယနိုင်ငံကို ရောက်ရှိနေဟု ဆို

စစ်ကာင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့နဲ့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တချို့ဟာ အိန္ဒိယနိုင်ငံကို လေ့လာရေးခရီးစဉ် တစ်ခု သွားရောက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု နောက်ပိုင်းမှာ အများကြီးဖြစ်လာနိုင်

စစ်မျက်နှာ အနှံ့အပြားမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အောက်ခြေတပ်သားတွေကို စစ်တပ်ကနေ ထွက်ခွင့်မပေးဘဲ ရှေ့တန်းပို့တာတွေကြောင့် နောင်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ စစ်သားတွေ အများကြီး ရှိလာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။