မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ကမြို့နဲ့ အနီးဆုံး ကျေးရွာတွေမှာ စစ်ကောင်စီအလိုကျ ပြည်သူ့စစ် ဖွဲ့စည်းပေးနေသူတွေနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေကို မြို့နယ်ပကဖက  လိုက်လံ သုတ်သင် ရှင်းလင်းနေတာကြောင့် စစ်တပ်ယန္တရားအောက်ကနေ အမြန်ဆုံးထွက်ခွာကြဖို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။

စေတုတ္တရာမြို့နယ်အတွင်း စစ်ကောင်စီထောက်ခံသူတွေက အင်အားအလုံးအရင်းနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ ကြိုးစားနေတာကြောင့် ဆိုးဆိုးရွားရွား ပါဝင်ပတ်သက်သူတချို့ကို စေတုတ္တရာ ပကဖ ကရှင်းလင်းခဲ့တယ်လို့သိရပါတယ်။

ဒီအတွက် မတ်လ ၁၉ရက်နေ့စွဲနဲ့ အသိပေးထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်အရ စေတုတ္ထရာမြို့နယ်အတွင်းက စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအောက်မှာရှိတဲ့ မြို့နယ် ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေ အမြန်ဆုံးနှုတ်တ်ထွက်ကြဖို့နဲ့ စစ်ကောင်စီအတွက် သတင်းပေးဒလန်လုပ်တာ၊ ပြည်သူ့စစ်ဖွဲ့ဖို့ကြိုးစားတာတွေ မလုပ်ဆောင်ကြဖို့ စေတုတ္တရာ ပကဖ က သတိပေးထားပါတယ်။ 

ဒါ့အပြင် ပါဝင်ပတ်သက်သူတွေနဲ့ ကျူးလွန်ခဲ့ဖူးသူတွေဘက်က ပကဖထံ အသနားခံတင်ပြတာမျိုး၊ ချိတ်ဆက်အစီရင်ခံတာမျိုးတွေ လုပ်ဆောင်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ပကဖ အသံမှ ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံက သိမ်းဆည်းရရှိသည့် အသုံးဆောင်များ

“မြို့နဲ့ အနီးဆုံး ကျေးရွာတွေက ပျူစောထီးနဲ့ပြည်သူ့စစ် ဖွဲ့နေတဲ့ ခေါင်းဆောင်တွေကို ကျနော်တို့ ရှင်းနေပါတယ်။ ရွာတွေမှာ ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်နေကြတယ်။ ကျနော်တို့အနေနဲ့ စစ်တပ်နဲ့ ဆိုးဆိုးရွားရွား ပတ်သက်နေတဲ့သူတွေကိုပဲ ရှင်းတာပါ။ အဲ့အခါမှာလည်း အရင်ဆုံး သတိပေးတာမျိုး လုပ်ပါတယ်။ ပေးတဲ့အဆုံး ဆက်လုပ်နေမှသာ ရှင်းရတာပါ။” လို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက​ မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ရက်နေ့ကလည်း စေတုတ္ထရာမြို့နယ်၊ မြေနီကုန်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ကြိုးစားသူ၂ယောက်ကို စေတုတ္ထရာ ပကဖ က သွားရောက်ရှင်းလင်းခဲ့ပါသေးတယ်။

“၁၇ရက်နေ့၊ ည ၉နာရီလောက်မှာ မြို့နဲ့ အနီးဆုံးမြေနီကုန်းရွာက အုပ်ကြီးနဲ့ စစ်တပ်အမာခံ ၂ယောက်ကို သွားရှင်းခဲ့ပါတယ်။ ပျူဖွဲ့ဖို့နဲ့ စစ်မှုထမ်း သင်တန်းလွှတ်ဖို့ ရက်ပိုင်းအလိုမှာ ရှင်းနိုင်ခဲ့တာပါ။ သူတို့ဆီက စစ်ယူနီဖောင်းတွေအပြင် အခြား စစ်တပ်နဲ့သက်ဆိုင်တဲ့ အသုံးအဆောင်တွေ၊  ဆက်စပ်စာရွက်စာတမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒီလူတွေက စစ်တပ်နဲ့ပေါင်းပြီး ပြည်သူကို ခြိမ်းခြောက်တာ ငွေညှစ်တာတွေ လုပ်နေတာပါ။” လို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက​ ပြောပါတယ်။

စေတုတ္တရာမြို့နယ်အပါဝင် နယ်မြေချင်းထိစပ်နေတဲ့ ပွင့်ဖြူမြို့နယ်မှာလည်း စစ်အုပ်စုလက်အောက်ခံ ပျုစောထီးတွေက စစ်ကောင်စီနဲ့လက်တွဲကာ မကြာခဏဆိုသလို အရပ်သားကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ မီးရှို့တာအပြင် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ လက်မခံသည့် ရွေးကောက်ပွဲအတုအတွက် မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ်

အာဏာသိမ်းစစ်ကော်မရှင်က နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပဖို့ ကြံစည်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအတွက် မဲဆွယ်စည်းရုံးခွင့်ကာလ ရက်ပေါင်း ၆၀ ကို စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

“လေယာဉ်တစ်စီးနဲ့ မင်းတို့နဲ့ မလဲနိုင်ဘူး” ဆိုပြီး စစ်ကောင်စီ သူ့တပ်ဖွဲ့ဝင်တွေကို စွန့်ပစ်

အာဏာသိမ်းစစ်တပ်က လေယာဉ်ဆုံးရှုံးမှာစိုးလို့  လာရောက်ကယ်တင်ခြင်း မပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ကျော်ကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) က စစ်သုံ့ပန်း စည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

လောင်းလုံး ဒေသခံ အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ထားဝယ်သပိတ်ကော်မတီ ထုတ်ပြန်…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့ဘက်ခြမ်းကို အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ‌လောင်းလုံဒေသခံ အမျိုးသမီး ၁ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီဇင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်ဖြူမြို့နယ်တွင်း တိုက်ပွဲများတွင်  စစ်ကောင်စီတပ်ရင်းလိုက် AA ထံ လက်နက်ချအလင်းဝင်မှုများ ရှိနေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အာရက္ခတပ်တော် AA ဆီ တပ်ရင်းလိုက် လက်နက်ချအလင်းဝင်တာတွေ ရှိနေတယ်လို့ AA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မွန်မှာ အာဏာသိမ်းစစ်တပ်ရဲ့ သန်းခေါင်စာရင်းကောက်ယူမှု အပြည့်အ၀ မအောင်မြင်ခဲ့

မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ အပြည့်အ၀ မအောင်မြင်ခဲ့ဘူးလို့  ရာမညဖက်ဒရယ်အင်အားစုသစ် - NRFF က ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်၊ ပန်းသင်းရွာက ပျူစောထီးကို ပစ်ခတ်ရှင်းလင်း…

ပဲခူးတိုင်း၊ ပေါင်းတည်းမြို့နယ်၊ ပန်းသင်းရွာမှာ ပြည်သူတွေကို ဒုက္ခပေးတဲ့ ပျုစောထီးဖြစ်သူ အေးမင်းထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂၁)၊ ကွပ်ကဲမှု အောက်ရှိ (၃၆၀၁) တပ်ရင်း တပ်ခွဲ (၂) က သတင်းထုတ်ပြန်ထားပါတယ်။