ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် အမှတ် ၃၁၉ မိုင်မှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက စစ်အုပ်စုနဲ့  ပြည်သူ့ကာကွယ်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့ကနေ မိတ္ထီလာဘက်ကို မောင်းနှင်လာတဲ့ စစ်အုပ်စုကားတန်းကို မြင်းခြံခရိုင်တပ်ရင်း ၄ နဲ့ ၁၀ တို့က ၃၁၉ မိုင်၊ ၆ ဖာလုံကြားကနေ ဖြတ်တောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အစောပိုင်းသတင်းတွေမှာဖော်ပြကြသလို ပြင်စည်ရဲစခန်းကို တိုက်ခိုက်တာမဟုတ်ဘူးလို့ နွားထိုးကြီး PDF တာဝန်ခံ ကိုစိုးအောင်က ပြောပါတယ်။

“ပြင်စည်ဂိတ်ကိုရော စစ်ဆေးရေးဂိတ်ကိုရောတိုက်တာမဟုတ်ပါဘူး။  မန်းလေးကနေ မိတ္ထီလာကိုမောင်းလာတဲ့ ရဲကား၁စီးနဲ့ အိမ်စီးကား၂စီးကို တိုက်ခိုက်ခဲ့တာပါ။ မျက်မြင်သတင်းပေးချက်အရ ရဲ ၅ယောက် သေပြီး ထိတဲ့သူတွေရှိတယ်လို့ သတင်းပို့လာပါတယ်” လို့ နွားထိုးကြီး PDF တာဝန်ခံ ကိုစိုးအောင်က မောင်းကိုပြောပါတယ်။

ထုတ်ပြန်ချက်

အဲ့ဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အမြန်လမ်းယာယီပိတ်သွားကာ စစ်အုပ်စုက အင်အား ၁၀၀ နီးပါးနဲ့ ပြင်စည်ရဲစခန်းဝန်းကျင်ကို စစ်ကြောင်းထိုးလာခဲ့တယ်လို့လည်း သိရပါတယ်။

စစ်အုပ်စုဝါဒဖြန့် သတင်းမီဒီယာတွေမှာတော့ အမြန်လမ်း၊ လမ်းလုံခြုံရေးဆောင်ရွက်တဲ့ ရဲမှူးကြီးအဖွဲ့နဲ့ PDF အဖွဲ့တွေ မိုင်တိုင် ၃၁၉ မိုင်၊ ၃ ဖာလုံက တ​ဇောက်ချောင်း တံတားအနီးမှာ မိနစ် ၅၀ကြာ ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်အုက်စုဘက်က ထိခိုက်မှုမရှိဘူးလို့ ဆိုထားပါတယ်။

နွားထိုးကြီး PDF အနေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် အချိန်မရွေးတိုက်ပွဲတွေဖော်ဆောင်မယ့်အကြောင်း ထုတ်ပြန်ထားပြီးဖြစ်သလို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တုန်းကလည်း အဆိုပါ ၃၁၉ မိုင်နားက အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၃ ရက်နေ့မှာလည်း ၃၁၈ မိုင်၊  လမ်းပိုင်းပေါ်အထိတက်ကာ ​ခရီးသွားပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ သင်တန်းသား ၂၀၀ ကျော်ပါ စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲကို မနေ့က အောက်တိုဘာ ၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်းသား ရဲဘော်အသစ် ၂၀၀ ကျော်ကို ၄လကျော်ကြာ သင်ကြားပေးခဲ့ပြီးနောက် အခုလို သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
Read More

အစိုးရပီသတဲ့ အဖွဲ့အစည်းအောက်မှာ သဘာဝဘေးနဲ့ကြုံရရင် အခုလောက် အခြေအနေမဆိုးနိုင်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အစိုးရပီသတဲ့ အဖွဲ့အစည်းတွေအောက်မှာသာ အခုလို သဘာဝဘေးကို ကြုံတွေ့ရရင် အခုလောက်တိုင်းပြည်ဟာ အခြေအနေမဆိုးရွားနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
Read More

“သိမ်းငှက်စစ်ဆင်ရေး”အတွင်း စစ်အုပ်စုစခန်း ၆ခု အပါ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြားကို မော်လိုက် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ရရှိခဲ့

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု စခန်း ၆ခုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းငှက်စစ်ဆင်ရေးအဖြစ် ၂လနီးပါး တိုက်ခိုက်သိမ်းပိုက်ရင်း စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ချင်းအဖွဲ့အစည်းနှစ်ခု၏ နိုင်ငံရေးသဘောထားကြီးစွာ ပူးပေါင်းနိုင်ခဲ့မှုဟာ စံပြုရမည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းဖြစ်ကြောင်း NUG သဝဏ်လွှာ ပေးပို့

ချင်းအဖွဲ့အစည်းနှစ်ခု ပူးပေါင်းနိုင်ခဲ့တဲ့အပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

စစ်မှုထမ်းအပတ်စဉ် ၄ သင်တန်းဆင်း စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ Loikaw Local PDF ထံ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်းတက်ခဲ့ရတဲ့ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ လွိုင်ကော် မြို့နယ်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်ကြီးနဲ့ မတ္တရာအစပ်က စစ်ကောင်စီတပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ် ထန်းပင်ကုန်းရွာက စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး၊ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။