Chinland Defense Force – Paletwa တပ်ရင်း (၄) ရဲ့ စစ်ရေးပြအခမ်းအနား မှတ်တမ်းရုပ်သံကို ဒီနေ့ မတ်လ ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ  CDF-Paletwa အတွက် လိုအပ်နေတဲ့ ကာကွယ်ရေးနဲ့ တိုက်ခိုက်ရေးပစ္စည်းတွေ ဝယ်ယူ ဖြည့်တင်းနိုင်ဖို့ သိန်း ၅၀၀၀ ကမ်ပိန်းလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ကမ်ပိန်းကာလကို ဖေဖော်ဝါရီလ ၁၅ ရက်ကနေ မေလ ၁၅ ရက်နေ့အထိ ၃လသာ သတ်မှတ်ထားပြီး ၃၃ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ မတ်လ ၁၉ ရက်မှာ ပါဝင်သူ ၂၇၄ ယောက်ရှိပြီး ရာခိုင်နှုန်း ၉.၇ ရာခိုင်နှုန်းရရှိပြီဖြစ်တယ်လို့ သိရပါတယ်။

မေလ ၁၅ ရက်မတိုင်ခင် ရာခိုင်နှုန်းပြည့်မီဖို့ ပြည်တွင်းပြည်ပ ထောက်ပို့ပြည်သူတွေအနေနဲ့ ပါဝင်ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

သေ့ဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း ဘယ်လိုတိုက်ခိုက်ခံခဲ့ရလဲ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ အယောက် ၃၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပါတယ်။
Read More

မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်တွေ အနီးကပ်ဝင်ရောက်ပစ်ခတ်မှု ၄ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို မတ်လ ၃ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ ပြောက်ကျားနည်းနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Dragon Urban Guerrilla အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကပစ ၁၂ အား ရှော့တိုက်ဒုန်းများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ULF စစ်ကြောင်းထံ အလင်းဝင်လာတဲ့ ပြည်သူ့စစ်များက ဝှက်ထားတဲ့ လက်နက်များကို ပေးအပ် (ရုပ်/သံ)

အလင်းဝင်လာတဲ့ ပြည်သူ့စစ်များက ဝှက်ထားတဲ့ လက်နက်များကို လိုက်လံပြသပြီး ULF စစ်ကြောင်းထံ အပ်နှံခဲ့ပါတယ်။ Union Liberation Front က ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ ပြည်သူ့စစ်များက တောထဲတစ်နေရာမှာ ဝှက်ထားတဲ့ MA-1 ၂ လက်၊ MA -2 ၁ လက် စုစုပေါင်း ၃ လက်နဲ့ ခဲယမ်းတွေကို ULF ရဲဘော်တွေကို လိုက်လံပြသပြီး အပ်နှံခဲ့ပါတယ်။
Read More

မင်းကင်းမြို့နယ် ပကဖအင်အားစုဖွဲ့လေ့ကျင့်ရေးနှင့် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပကဖ အင်အားစုဖွဲ့လေ့ကျင့်ရေးနဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။