ရန်ကုန်မှာ ကျပ်ဘီလီယံတစ်ရာနီးပါးတန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းမိခဲ့တဲ့ဖြစ်စဉ်မှာ AA ပါဝင်ပတ်သက်မှုရှိနေကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့််မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 

ရန်ကုန်မြို့ကတစ်ဆင့် မလေးရှားနိုင်ငံအထိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေတဲ့ မူးယစ်ဂိုဏ်းတစ်ခုဆီကနေ ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မတ်သ်အဖက်တမင်း) သုံးတန်ကျော်နဲ့ ကတ်တမင်း နှစ်ရာ ကီလိုဂရမ် ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းစာတွေက မတ်လ ၁၉ ရက်နေ့မှာ ဖော်ပြကြပါတယ်။ 

မူးယစ်ဆေးဝါးတွေဟာ မလေးရှားပင်လယ်ရေပြင်ကို ပို့ဆောင်ဖို့ စီစဉ်ထားတာဖြစ်ပြီး စီမံခန့်ခွဲသူမှာ အာရက္ခတပ်တော် AA ၏ စီးပွားရေးတာဝန်ခံ ရဲဝင်း (ခ) ကျော်စိုးလင်းနဲ့ သူ့ရဲ့ဇနီးဖြစ်သူ ရွှေကောင်းသာ စက်လှေပိုင်ရှင် မသီတာမြင့် တို့ဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်ကနေ သယ်ယူပြီး ရန်ကုန်မြို့ကတစ်ဆင့် မလေးရှားနိုင်ငံအထိ ဖြန့်ဖြူးရောင်းချနေသူတွေထဲမှာ ပါဝင်ပတ်သက်သူ ၁၄ ယောက်အထိ ဖမ်းမိထားတယ်လို့လည်း ဆိုပါတယ်။

AA ရဲ့ စီးပွါးရေးတာဝန်ခံလို့ ပြောတဲ့ ကိုရဲဝင်းနဲ့ မသီတာမြင့်တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမယ့် သူတို့ကို ဖမ်းဆီးထားခြင်းရှိမရှိကိုတော့ မဖော်ပြထားပါဘူး။

စစ်ကောင်စီ ထုတ်ပြန်ထားသလို အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုမှာ အာရက္ခတပ်တော် AA က ပါဝင်ပတ်သက်ခြင်း ရှိမရှိကို AA ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

တရုတ် စပွန်ဆာဖြင့် ပြုလုပ်သည့် ရွေးကောက်ပွဲအတုကို အဓိကဦးတည်လှုပ်ရှားမှု ၃ ရပ်ဖြင့် တိုက်ဖျက်ကြရန် GSCB တိုက်တွန်း

တရုတ်နိုင်ငံရဲ့ စပွန်ဆာနဲ့ ပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို လူထုအားနဲ့ တိုက်ဖျက်ဖို့အတွက် လူထုတိုက်ပွဲရဲ့ အဓိကဦးတည်လှုပ်ရှားမှု ၃ ရပ်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body - GSCB) က ထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်မရောတွင် KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းများနှင့် လက်နက်ပစ္စည်းများကို စစ်တပ် ဖမ်းမိဟု ဆို

မွန်ပြည်နယ်၊ ကျိုင်မရောမြို့နယ်က နန္ဒာလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းတွေအပြင် မူးယစ်ဆေးဝါးနဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက သတင်းဖော်ပြလာပါတယ်။
Read More

ပုလောနယ်က ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်၊ ပျူ ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ပျုစောထီးစခန်းတစ်ခုကို KNDO ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးဌာနဆီက သိရပါတယ်။
Read More

တမူးမြို့နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်လာသော စစ်အုပ်စု တိုက်ခိုက်ခံရ၊ စစ်အုပ်စုအဖွဲ့ဝင် အလောင်း ၆ ‌လောင်းနှင့် သေနတ် ၉ လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ နန်မွန်းတားရွာကို စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ ခလရ-၂၂၈ နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀) ခန့်ရှိတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ၊ စစ်အုပ်စုဖက်မှ ၆ ဦးသေဆုံးပြီး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်နက် (၉) လက် နှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
Read More

စဥ့်ကူးမှာ ​ငလျင်ကြောင့် သေဆုံးသူ ၃၆ ဦးနှင့် ပြင်းထန်ဒဏ်ရာရသူ ၂၀ ဦးအပါ ၉၀ ဦး ဒဏ်ရာရ… မတ္တရာမှာ မြို့ပေါ်ကမပါဘဲ သေဆုံးသူ ၈ ဦးရှိပြီး သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာရသူ ၁၇ ဦးရှိ…

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်(မြို့ပေါ် မပါ) တွေမှာ ပြင်းထန်ငလျင်ကြောင့် ၄၄ ယောက် သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူ အယောက် ၂၀ အပါအဝင် ၁၀၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်မြို့နယ်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လူသတ် မီးရှို့ ခိုးယူနေသည့် ရေစကြိုတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်​တပ်က ရေလယ်ကျွန်းဒေသနဲ့ ပခုက္ကူ-မန္တလေးလမ်းဘေးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ဖျက်ဆီးပြီး အရပ်သား ၁၁ ယောက်ကို သတ်ဖြတ်ထားခဲ့ကြောင်း သိရပါတယ်။