ARSA ခေါင်းဆောင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးနိုင်မှုကို ကြိုဆိုလိုက်ပြီး နိုင်ငံတကာရဲ့ တရားစီရင်မှုနဲ့ အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေကို နိုင်ငံတကာတရားစီရင်ရေး ယန္တရားတွေကနေ ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ဖို့ လိုအပ်ကြောင်း တောင်းဆိုလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ARSA ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM)၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ ပို့ဆောင်ပြီး တရားဥပဒေအရ အရေးယူဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်(ARSA) လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အာတာအူလ္လာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နာရာယင်ဂါ (Narayanganj) မြို့မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ARSA အဖွဲ့ဟာ  ရိုဟင်ဂျာဒုက္ခသည်တွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်ခဲ့ကာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် နိုင်ငံတကာ တရားစီရင်မှုနဲ့ အရေးယူဖို့ Fortify Rights အဖွဲ့က တောင်းဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းမှာ နယ်ခြားစောင့် ရဲစခန်း ၃၀ ကို တပြိုင်တည်း ဝင်ရောက်စီးနင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ARSA အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက သူတို့ရဲ့နိုင်ငံထဲမှာ အကြမ်းဖက်လုပ်ရပ်တွေ စီစဉ်နေတယ်လို့ သံသယရှိတာကြောင့် အခုလို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အာတာအူလ္လာဟ်အပါအဝင် ARSA အဖွဲ့ဝင် ၇ ယောက်ကို ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု တိုက်ဖျက်ရေး အက်ဥပဒေနဲ့ တရားမဝင် ဝင်ရောက်မှုဆိုင်ရာ အမှုနှစ်ခုနဲ့ တရားစွဲဆိုထားပြီး ကျန်တဲ့အမျိုးသမီး ၃ ယောက်နဲ့ ကလေးငယ် ၁ ယောက်ကိုတော့ အကြမ်းဖက်မှုနဲ့ ဆက်စပ်မှုမရှိပေမယ့် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ရန်ပွဲအပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မှာ အဖွဲ့စုံ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးမှုအချို့ရှိ

“မနေ့ညနေက မဲဆောက်ဈေးကို အရင်ဝင်စစ်တယ်။ ဆိုင် ၅ ဆိုင်လောက်ပါသွားတယ်ကြားပါတယ်။ တောမောင်းရုံး page မှာလည်း သတင်းတွေ တက်လာပါတယ်။ လူတွေ ဘယ်နှစ်ယောက် ပါသွားတာလဲတော့ အတိအကျ မသိရသေးဘူး။ ဖမ်းတယ်ဆိုတာကတော့ သေချာပါတယ်။ ပြီးတော့ မြို့အဝင်အထွက် လေယာဉ်ကွင်းတို့၊ အာရှလမ်းမကြီးတို့၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ရှိတယ်။ အရင်ကထက်တော့ ပိုတင်းကျပ်နေတယ်” လို့ အဝေးရောက်ဧရာဝတီအဖွဲ့ (OIA) က ကိုဖိုးသင်္ကြန်က မောင်းကို ပြောပါတယ်။
Read More

မလေးရှားတွင် ကျင်းပခဲ့သည့် မွန်းအောင် “တစိတ်ထဲလား” စစ်ဘေးရှောင် ရန်ပုံငွေဂီတပွဲ

တေးသံရှင် မွန်းအောင်ရဲ့ “တစိတ်ထဲလား” စစ်ဘေးရှောင် ရန်ပုံငွေဂီတပွဲကို ဒီဇင်ဘာ ၂၁ရက်က မလေးရှားနိုင်ငံ ပီနန်းမြို့မှာ ကျင်းပခဲ့ကြောင်း NLD OC International Malaysia က ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေး အမေရိကန်၏ လျစ်လျူရှုမှုဟာ တရုတ်လွှမ်းမိုးမှုချဲ့ထွင်ဖို့ တံခါးဖွင့်ပေးခြင်း ဟု SAC-M ပြော

အမေရိကန်က မြန်မာပြည်နဲ့ သိသိသာသာ ထိတွေ့ဆက်ဆံမှု ဖြတ်တောက်လိုက်ခြင်းဟာ ‌တရုတ်အတွက်တော့ ဒေသတွင်း ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ဖို့ တံခါးဖွင့်ပေးသလို ဖြစ်သွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။ 
Read More

မြန်မာ့ငလျင်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ကနေဒါ ထောက်ပံ့မယ်

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ပေးအပ်သွားမယ်လို့ ကနေဒါအစိုးရက ထုတ်ပြန်ပါတယ်။
Read More

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ခရိုနီ ဦးဇော်ဇော် ခန့်အပ်ခံရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA - Football Social Responsibility Committee) ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခရိုနီ ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်လိုက်တယ်လို့ Myanmar Football Federation က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

AUN-Japan ၏ နှစ်ပတ်လည် ညီလာခံအခမ်းအနား နှင့် ၂၀၂၅ /၂၀၂၆ခုနှစ်အတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲအခမ်းအနား

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်) AUN-Japan ရဲ့ နှစ်ပတ်လည် ညီလာခံအခမ်းအနားနဲ့ ၂၀၂၅/၂၀၂၆ ခုနှစ်အတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးက ဇွန်လ ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။