ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကံတင်ဘီလင်းဆည်ဘောင်ပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မနေ့က စက်တင်ဘာ ၁၆ ရက်၊ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်တွေက အင်အား ၁၅၀ ခန့်နဲ့ ကံတင်ဘီလင်းဆည်ဘောင်ပေါ် ကို ရောက်ရှိလာပြီး ဆည်အတွင်းမှာ နေထိုင်ကြတဲ့ ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးသီး ၁လုံးကြဲချပြီးနောက် ၆၀ မမ၊ ၈၁ မမ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုတိုက်ခိုက်မှုကြောင့် ကျေးရွာထဲမှာနေထိုင်တဲ့ ၁၀ နှစ်အရွယ်ကလေးတစ်ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကနဦးသိရပါတယ်။
ဓာတ်ပုံ – ဒေသခံပေးပို့
0 Shares:
You May Also Like
Read More

ချောင်းဦးဆီမီးသပိတ် လေကြောင်းတိုက်ခိုက်မှုအတွင်း ရရှိဒဏ်ရာဖြင့် ကျဆုံးခဲ့သည့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ (၃) တာဝန်ခံ၏ ဈာပနအခမ်းအနား…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ် တစ်နေရာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပြင်းထန်ဒဏ်ရာရရှိကာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) စစ်ဒေသ (၃) တာဝန်ခံရဲ့ စျာပနအခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းမှာ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာကို ကင်းထောက်လာတဲ့ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။
Read More

မိုးထဲရေထဲ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်ချင်နေတဲ့ စစ်ကောင်စီ

စစ်ကောင်စီက ရေးဘေးကူညီဖို့အတွက် သူတို့လက်အောက်ခံ ဝန်ကြီးဌာနတွေကို ဌာနအလိုက် ငွေကောက်ခံကာ အလှူ့လက်ဖက်နဲ့ မျက်နှာ လုပ်နေပြန်ပါတယ်။ မြန်မာနိုင်ငံတဝန်းခံစားနေကြရတဲ့ ရေဘေးဒုက္ခကို ကူညီဖို့ဆိုပြီး မြို့နယ်အသီးသီးက Non-CDM ဝန်ထမ်းတွေ၊ သူတို့နဲ့ နီးစပ်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေထံက…
Read More

မြိုင်မြို့နယ် သန်းနုတောရွာကို စစ်အုပ်စု စက်တပ်လေထီးဖြင့် လာရောက်ပစ်ခတ်၊ ဒေသခံ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သန်းနုတောရွာကို စစ်အုပ်စုက စက်တပ်လေထီး နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိသလို နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ We Love Myaing က ထုတ်ပြန်ထားပါတယ်။
Read More

နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရ လက်နက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထိုင်းမြန်မာနယ်စပ်ရှိ မော်ခီးစစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်များ ​ထိုးစစ်ဆင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေဒေသက စစ်ကောင်စီရဲ့ မော်ခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။