မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ (Julie Bishop) ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အကျိုးစီးပွားပဋိပက္ခ ရှိ၊ မရှိ အမြန်ဆုံးစစ်ဆေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အန်တိုနီယို ဂူတာရက်စ်ကို မြန်မာ့အရေးလှုပ်ရှားတဲ့ နယ်ပယ်စုံ အဖွဲ့အစည်းတွေက မတ်လ ၁၇ ရက်နေ့မှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဂျူလီဘစ်ရှော့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ သတ္တုလုပ်ငန်းတွေ၊ တရုတ်အစိုးရပိုင် ကုမ္ပဏီတွေနဲ့ ဆက်နွယ်မှုရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဂျူလီဘစ်ရှော့ရဲ့ အဲဒီ စီးပွားရေးလုပ်ငန်းတွေဟာ အကျိုးစီးပွားပဋိပက္ခတွေ ရှိနိုင်တာကြောင့် ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်ဆိုပြီး Justice For Myanmar (JFM) က မတ်လ ၉ ရက်နေ့က တောင်းဆိုလိုက်ပြီးတဲ့နောက် အရပ်ဘက်အဖွဲ့တွေကလည်း အခုလို ထပ်မံဆောင်းဆိုလာတာ ဖြစ်ပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဖြစ်ပြီး ဂျူလီဘစ်ရှော့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းရပ်တန့်ကာ  မြန်မာ့အရေးကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်ရိုက်ကိုင်တွယ်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ဟာ Energy Transition Minerals (ETM) ကုမ္ပဏီအပါအဝင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ အကျိုးစီးပွါးရှိနေပြီး ETM ကုမ္ပဏီက သူ့ကို မဟာဗျူဟာအကြံပေးအဖြစ် ခန့်အပ်ခဲ့တယ်လို့ Justice For Myanmar အဖွဲ့က  ထုတ်ပြန်ထားပါတယ်။

ဂျူလီဘစ်ရှော့အနေနဲ့  တရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့ ဆက်နွယ်နေမှုဟာ  တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့  လိုအပ်တဲ့   မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ယောက်မှာ ရှိရမယ့် သမာသမတ်ကျမှုနဲ့ လွတ်လပ်အမှီအခိုကင်းမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တရုတ်နိုင်ငံဟာ  တရားမဝင်မြန်မာစစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာ ကူညီပံ့ပိုးမှုတွေကို  ဆက်တိုက်လုပ်ဆောင်ပေးနေတဲ့  ထိပ်တန်းအရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိဖြစ်ရပ်တွေမှာ အကျိုးစီးပွားဆိုင်ရာပဋိပက္ခ ရှိနိုင်ပြီး  မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးအပေါ် ခြိမ်းခြောက်မှုများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။  

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဆက်လက်လုပ်ဆောင်နေတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေကို တရုတ်အစိုးရက အားပေးကူညီနေကြောင်းကို အထောက်အထားတွေအရ အားလုံး သိရှိထားပြီး ဖြစ်ပါတယ်။ 

ဒါ့ကြောင့် ဂျူလီဘစ်ရှော့အနေနဲ့ အခုလို သတ္တုတူးဖော်ရေးကဏ္ဍတွေမှာ ပါဝင်ပတ်သက်တာ၊ တရုတ်ကုမ္ပဏီတွေနဲ့ ဆက်နွယ်နေတာတွေဟာ သူမရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာစောင့်ထိန်းလိုက်နာမှုနဲ့ တာဝန်ကိုအောင်မြင်စွာ ထမ်းဆောင်နိုင်မှုတွေအပေါ် စိုးရိမ်းဖွယ်ရာ အခြေအနေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေအပေါ် အန္တရာယ်ဖြစ်စေမယ့် အကျိုးစီးပွားတွေရှိနေတဲ့ အထူးကိုယ်စားလှယ်ကို မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့တာဝန် ဆက်လက်ပေးအပ်ထားမှုဟာ ပြန်လည်သုံးသပ်စဉ်းစားရမယ့် ကိစ္စဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

အာဆီယံ၏ တည်မြဲမှုအတွက် ခိုင်မာသည့် ပြည်သူ့ဗဟိုပြုချဉ်းကပ်မှု လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

အာဆီယံအဖွဲ့ဟာ တည်မြဲနေမယ်ဆိုပေမယ့် ပြောင်းလဲလာတဲ့ ကာလနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ၂၀၄၅ ခုနှစ်အတွက် မျှော်မှန်းချက်တွေ ပြည့်မီစေဖို့ ရှေ့ဆက်လုပ်ဆောင်ရာမှာ ပြည်သူ့ဗဟိုပြု ချဉ်းကပ်မှုကို ခိုင်ခိုင်မာမာ ကျင့်သုံးသွားရမှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ပြောပါတယ်။
Read More

ရက္ခိုင့်တပ်တော်ကဲ့သို့သော အစိုးရမဟုတ်သည့် အင်အားစုများနှင့် ညှိနှိုင်းဆွေးနွေးရန် မဖြစ်နိုင်ကြောင်း နှင့် နယ်စပ်ပြဿနာ ဖြေရှင်းပေးရန် စစ်ကောင်စီကို ဘင်္ဂလားဒေ့ရှ် တောင်းဆို၊ “နယ်စပ်ကို ပြန်သိမ်းဖို့ ကြိုးစားနေတယ်” ဟု စစ်ကောင်စီ ပြော

ရခိုင်ဒေသမှာ အာရက္ခတပ်တော် AA က စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်အပါအဝင် တပ်စခန်းတွေ၊ မြို့တွေကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် အာဏာသိမ်းစစ်ကောင်စီဟာ စစ်ရေးရှုံးနိမ့်မှုအပြင် ဖိအားတွေနဲ့ပါ ရင်ဆိုင်နေရပါပြီ။
Read More

ဘန်ကောက်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆမှုအတွင်း မြန်မာလုပ်သားတစ်ဦး သေဆုံး 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဇွန်လ ၈ ရက်နေ့က မတော်တဆမှု ဖြစ်ပွားခဲ့တာကြောင့် အသက် ၃၉ နှစ်အရွယ် မြန်မာလုပ်သားတစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ 
Read More

ကျားဖြန့်ဂိုဏ်းများမှ ကယ်ထုတ်လာသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ထဲက ပထမအသုတ် ၅၀ ကို ထိုင်းမှတဆင့် တရုတ်ထံ လွှဲပြောင်း

ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား (၂၀၀) ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကတဆင့် တရုတ်နိုင်ငံကို စတင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
Read More

မြန်မာငလျင် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုးဟပ်စက်ရုပ်တွေ စင်္ကာပူအသုံးပြု

လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့တဲ့ မြန်မာ့ငလျင်ဘေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စင်္ကာပူက ပိုးဟပ်စက်ရုပ်တွေကို အသုံးပြုခဲ့တယ်လို့ The Straits TImes သတင်းမှာ ဖော်ပြပါတယ်။
Read More

ကုလ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးမှာ တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကိစ္စ တိုးမြှင့်လုပ်ဆောင်ရေးအတွက် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရာ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ပါဝင်ဆွေးနွေးခဲ့

၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးမှာ တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကိစ္စ တိုးမြှင့်လုပ်ဆောင်ရေးတို့အတွက် စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၅ ရက် အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ ဂမ်ဘီယာတရားရေးဝန်ကြီး၊ အမေရိကန် Global Criminal Justice ကမ္ဘာလုံးဆိုင်ရာသံအမတ်ကြီးနဲ့ IIMM အကြီးအကဲတို့ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။