မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးစခန်းနဲ့ မြစ်သာဆည်ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စခန်းမှူး ၁ ယောက်အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၄ ရက် မနက်ပိုင်းက ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာက ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဒရုန်းနဲ့ အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၇ ရက်ကနေ ၉ ရက်အထိ ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည်ပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးအမြောက်အမြား ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းမှူး ၁ ယောက်၊ စစ်သား ၁ ယောက်နဲ့ ပျူစောထီး ၄ ယောက် စုစုပေါင်း ၆ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မတ် ၁၆ ရက်ကလည်း မြစ်သာဆည်ပေါ် တပ်စွဲထားရာကနေ ထွက်ပြေးလာတဲ့ စစ်သား ၂ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးနိုင်ခဲ့ရာ MA -11 အမျိုးအစား သေနတ် ၁ လက်နဲ့ ကျည်အနည်းငယ် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို မြိုင် ပကဖ ၊ ဂန့်ဂေါမြို့နယ် တပ်ပေါင်းစု၊ ဂန့်ဂေါမြို့နယ် ပကဖနှင့် ပေါက်/ မြိုင်/ကမ္မ ဒရုန်းတပ်ဖွဲ့တို့ စုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ 

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မြို့ပေါင်း ၆၁ မြို့တွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ ၂၃ ဖွဲ့ကို AA ထောက်ပံ့ပေးထား၊ ၈ ဖွဲ့ဟာ AA နှင့် ပူးပေါင်းစစ်ရေးလှုပ်ရှားလျက်ရှိဟု ISP-Myanmar ထုတ်ပြန်

နိုင်ငံတစ်ဝန်း မြို့ပေါင်း ၆၁ မြို့က တော်လှန်ရေးတပ်ဖွဲ့ ၂၃ ဖွဲ့ကို အာရက္ခတပ်တော် (AA) က ထောက်ပံ့ပေးထားပြီး အဲ့ဒီထဲက ၈ ဖွဲ့ဟာ AA နဲ့အတူ ပူးပေါင်းစစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ မြန်မာ့မဟာ ဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူး (ISP-Myanmar) က ထုတ်ပြန်ထားပါတယ်။
Read More

KNU ထံပို့မယ့် လက်နက်တချို့ ဘန်ကောက်မှာ ဖမ်းမိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ထံပေးပို့မယ်ဆိုတဲ့ လက်နက်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ ထိုင်းရဲတွေက ဧပြီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Khaosod မှာ ဖော်ပြပါတယ်။
Read More

ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူပေးမယ့် စစ်ကောင်စီထောက်တိုင်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းမှာ သန်းခေါင်စာရင်းကောက်ယူပေးမယ့် စစ်ကောင်စီထောက်တိုင်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်လက်အောက်ခံ UEC ထုတ်ပယ်လိုက်သည့် NDF ပါတီ အခွင့်အရေးရှိရင် ရွေးကောက်ပွဲ ပြိုင်ခွင့်ရချင်သေးကြောင်း စာထုတ်

အကြမ်းဖက်စစ်တပ်က ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပါတီဝင်အင်အားနဲ့ ရုံးခန်းအရေအတွက်တွေ ပြသနိုင်ခဲ့ပေမယ့် ပါတီဖျက်သိမ်းခံလိုက်ရတဲ့အပေါ် အခွင့်အရေးရှိရင် ဆက်ပြီးပါဝင်ခွင့်ရချင်သေးကြောင်း (NDF) ခမောက်ပါတီက စက်တင်ဘာလ ၁၀ရက် ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
Read More

ပြည်သူ ၅ ဦး သေဆုံးခဲ့သည့် ကျုံဒိုးမြို့၊ ပိုင်ရပ်ကျေးရွာ နေအိမ်စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာက ပိတ်ပင်ထားသည့် Cluster ဗုံးအမျိုးအစား စစ်ကောင်စီ အသုံးပြုခဲ့

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ပိုင်ရပ်ကျေးရွာမှာ မူလတန်း ကလေးငယ် ၃ ယောက် အပါအဝင် ပြည်သူ ၅ ယောက် သေဆုံးစေခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ Cluster ဗုံးအမျိုးအစားကို အသုံးပြုခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။