မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံ၊ ခမရ -၁၅ စစ်ဆေးရေးဂိတ်ကို ပြောက်ကျားပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

မတ်လ ၁၈ ရက်၊ မနေ့က ညနေပိုင်းမှာ အနီးကပ် သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“မနေ့က ညနေ ၃ နာရီ မိနစ် ၂၀ လောက်မှာ ရဲဘော်တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။ မဟာမိတ်ရဲဘော်တွေနဲ့ လက်တွဲညီညီ ပြောက်ကျားနည်းစနစ် သုံးခဲ့တာပေါ့။ စကစဘက်က ထိခိုက်သေဆုံးမှုတွေရှိ​တယ်။ အသေးစိတ်က စုံစမ်းနေဆဲပါ။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိပါဘူး” လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) တပ်ဖွဲ့နဲ့အတူ Anyar Federal Task Force (AFTF)၊ ဝံပုလွေပြောက်ကျားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့​ဝင်တွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့ စစ်ကောင်စီဟာ မနေ့ကညပိုင်းမှာ ခမရ ၁၅ တပ်ထဲကနေ လက်နက်ကြီး ဟောင်ဝစ်ဇာ ရမ်းသမ်းပစ်ခတ်တာမျိုးတွေ ရှိခဲ့တယ်လို့လည်း ဗိုလ်မိုက်ခဲက ပြောပါတယ်။

ခမရ ၁၅တပ်ရင်းရဲ့ စစ်ဆေးရေးဂိတ် အပါအဝင် မြင်းခြံမြို့ရဲ့ ဝင်ပေါက်ထွက်ပေါက်မှာရှိတဲ့ အကြမ်းဖက် စစ်ဆေးရေးဂိတ်တွေကို Myingyan Black Tiger (MBT) က မကြာခဏဆိုသလို ပြောက်ကျားနည်းစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် စစ်အုပ်စု​ဘက်က ထိခိုက်သေဆုံးမှုတွေရှိနေတာ ဖြစ်ပါတယ်။

MBT နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ဖို့ကြိုးစားနေစဥ် (ဓာတ်ပုံ MBT)

0 Shares:
You May Also Like
Read More

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီကို အွန်လိုင်းမှာ ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၆၀၀ အထိရှိလာ

စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ခံရလို့ ဖမ်းဆီးခံရတဲ့ ပြည်သူအရေအတွက်ဟာ ၁၆၀၀ ကျော်ရှိခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

ထိုင်းထီနှင့် အွန်လိုင်းဈေးရောင်းသည်ဟုဆိုကာ အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၂ ဦးကို စစ်ကော်မရှင် ဖမ်းဆီး 

အာဏာသိမ်းစစ်ကော်မရှင်က အွန်လိုင်းပေါ်မှာ ထိုင်းထီနဲ့ ဈေးရောင်းချမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသမီး ၁ ယောက်၊ အမျိုးသား ၂ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ သတင်းထုတ်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ဝမ်းတွင်းတွင် သေဆုံးသူ ၃၀ဦးအထက်ရှိလာပြီး၊ ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော်ရှိဟု ဆို

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် မြို့နယ်လုံးကျွတ် ထိခိုက်ပျက်စီးကာ ကလေးငယ်နဲ့ သံဃာတော်များ အပါအဝင် သေဆုံးသူ ၃၀ ကျော်အထိ ရှိတယ်လို့ Voice of Wundwin တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေတာရှည်မြို့မရဲစခန်းကို 79 ထောက်ပြောင်း 40mm (ရှော့တိုက်ဒုံး) ၁၄ လုံး ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှု ပြင်းထန်နိုင်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့မရဲစခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ပစ်မှတ်ကိုကျရောက်တာကြောင့် ထိခိုက်မှုပြင်းထန်နိုင်ကြောင်း Black Leopard UG အဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကိုင်းတိုင်းတစ်ခုတည်းမှာတင် အရပ်သားပြည်သူ ၅၀၀၀ ကျော် သေဆုံးခဲ့ရ

စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်တာအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းတစ်ခုထဲမှာတင် အရပ်သားပြည်သူ ၅၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ Data For Myanmar ရဲ့  မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်က AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားပြီး သူ၏ ကျန်းမာရေးကို စိုးရိမ်ကြောင်း AA စစ်ဦးစီးချုပ် ပြောဟု ဆို…

"မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်။" လို့ ရေးသားထားတာပါ။